အားလုံးပဲမင်္ဂလာပါနော်။ ဒီတစ်ခေါက်မှာ ဆံပင်ပုံစံ ဒါမှမဟုတ် အရောင်ပြောင်းချင်တဲ့ လူငယ်ကောင်မလေးတွေအတွက် Kpop အဖွဲ့ “Itzy” ထဲက အဖွဲ့ဝင် Rapper မလေး Yeji ရဲ့ လူငယ်ဆန်ဆန် ထူးခြားတဲ့ ဆံပင်စတိုင်တွေနဲ့ ကာလာ အိုင်ဒီယာလေးတွေကိုမျှဝေပေးချင်ပါတယ်။


Yeji ဟာဆိုရင် အသက် ၂၁ သာရှိသေးတဲ့ Kpop Idol တစ်ဦးဖြစ်ပြီး ခပ်ချွန်ချွန်နဲ့စူးရှတဲ့ ကြောင်မျက်လုံးလေးတွေ ပိုင်ဆိုင်ထားတဲ့အပြင် မော်ဒယ်တွေလို မေးရိုးထင်းထင်းနဲ့ ခပ်သွယ်သွယ်မျက်နှာပေါက်လေးရှိတာကြောင့် ဆံပင်အရောင်တော်တော်များများနဲ့လည်း လိုက်ဖက်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမ ထားလေ့ရှိတဲ့ အမိုက်စား Hairstyle တွေနဲ့ အရောင်ခပ်ဆန်းဆန်းလေးတွေက အခုခေတ်လူငယ်မိန်းကလေးတွေနဲ့လည်းလိုက်ဖက်ပြီး အကြိုက်တွေ့စေမှာပါ။ ဒီတော့ Yeji ရဲ့ခေတ်ဆန်တဲ့ Hairstyle ကာလာလေးတွေကို စိတ်ဝင်စားရင်ကြည့်လိုက်ရအောင်-

သူမရဲ့ ပုံစံမျိုးစုံနဲ့ထူးခြားတဲ့ကျစ်ဆံမြီးသေးသေးကျစ်ကျစ်လေးတွေက အမြင်ဆန်းပြီး သင့်ကိုဆံပင်ညပ်စရာမလိုဘဲ တစ်မူထူးခြားနေတဲ့ Hairstyle မျိုးကိုရရှိစေမှာပါ။


Yeji အမြဲလုပ်လေ့ရှိတဲ့ ဆံပင်နှစ်ဖက်စည်းလေးတွေကလည်း ကလေးဆန်ပြီး ချစ်စရာကောင်းစေမယ့်ပုံစံလေးတွေဖြစ်ပါတယ်။


သူမရဲ့ ဂြိုလ်သားပုံစံ ဆံထုံးသေးသေးလေးတွေ၊ အရစ်လေးတွေနဲ့ ဆံပင်စည်းနည်းလေးတွေကလည်း ထူးခြားပြီး ထင်းထွက်နေတဲ့ပုံစံကိုရရှိစေမှာပါ။


ရိုးရိုးဆံထုံးသေးသေးလေးတွေကလည်း အရမ်းချစ်စရာကောင်းပါတယ်။ လူငယ်မိန်းကလေးတွေနဲ့လိုက်ဖက်စေမှာပါ။


သူမရဲ့ ခပ်မြင့်မြင့် Ponytail ပုံစံစည်းနည်းလေးတွေကိုလည်း ပြုလုပ်ကြည့်ပါ။ မျက်နှာရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ Look ကိုရရှိစေပါလိမ့်မယ်။


ခပ်မှိန်မှိန်အရောင်လေးတွေကိုမှ ဆံပင်အရှည်ဖြောင့်စင်းနေအောင်ထားတာကလည်း Yeji လို ရိုးရိုးရှင်းရှင်းနဲ့ကြည့်ကောင်းနေတဲ့ပုံစံကိုရရှိစေမှာဖြစ်ပါတယ်။


အကောက်နဲ့အဖြောင့် ဆံပင်ပုံစံနှစ်မျိုးပေါင်းထားတဲ့ပုံစံ၊ ကျစ်ဆံမြီးအနည်းငယ်နဲ့ ဆံပင်ချထားတဲ့ပုံစံ တွေကလည်း တစ်မျိုးလေးဆန်းပြီး ထူးခြားသွားစေမှာပါ။


သူမဆိုးတဲ့ ရောင်စုံဆံပင်၊ Highlight နဲ့ အခြားအရောင်တောက်တောက်တွေကလည်း လူငယ်မိန်းကလေးတွေ ဆိုးကြည့်သင့်တဲ့ အမိုက်စားအရောင်တွေပါပဲ။ ဒီလိုအရောင်တွေက အသားဆောင်စေတဲ့အပြင် အများကြားမှာ ထင်းထွက်နေတဲ့ Look မျိုးကိုရစေနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar