ဖက်ရှင်ကို စိတ်ဝင်စားပြီး Branded တွေနဲ့ပတ်သက်လို့ အမြဲလေ့လာနေသူတွေအတွက်တော့ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ DIOR ကို မသိသူ မရှိလောက်ဘူးလို့ ထင်ပါတယ်နော်။

အခုတစ်ခါ အနုပညာရှင်တို့ရဲ့ ဖက်ရှင်ကဏ္ဍကနေပြီး ဖော်ပြပေးချင်သူလေးကတော့ DIOR အမှတ်တံဆိပ်ရဲ့ မော်ဒယ်လ်ဖြစ်တဲ့ Sofia Mechetner ဆိုတဲ့ ကောင်မလေးပါပဲ။ အသက် ၁၄ နှစ်အရွယ်ကတည်းက DIOR နဲ့ စတင်အလုပ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာလည်း CHANEL နဲ့ ထပ်မံစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

မော်ဒယ်မလေး Sofia Mechetner ကတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မော်ဒယ်လောကမှာ အောင်မြင်နေတဲ့ ကောင်မလေးတစ်ယောက်ပါပဲ။

သူမက ၂၀၀၀ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှာ အစ္စရေးနိုင်ငံ၊ Holon မှာ မွေးဖွားခဲ့ပါတယ်။

သူမရဲ့ အရပ်အမြင့်ကဆိုရင် ၅ ပေ ၉ လက်မရှိတဲ့အပြင် ခန္ဓာကိုယ်အချိုးအစားကလည်း လှပပြေပြစ်တဲ့အတွက်ကြောင့် နာမည်တက်နေတဲ့ မော်ဒယ်လ်တွေထဲမှာလည်း တစ်ဦးအပါအဝင်ဖြစ်နေရတာပါ။

အခုလို ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အောင်မြင်မှုရရှိနေတဲ့ Sofia Mechetner ရဲ့ ဖက်ရှင်တချို့ကို ဖော်ပြပေးလိုက်ရပါတယ်နော်။

Image Source: Pinterest