တချို့တွေက ဘဝကို ပေါ့ပါးတဲ့စိတ်နဲ့ ဖြတ်သန်းပြီး တချို့များကျတော့ အတွေးလွန်ပြီး သံသယကဲတဲ့အမြင်နဲ့ ချဉ်းကပ်ကြတာပဲမလား။ ဘာမဆို အတွေးတွေလွန်တဲ့ သူတစ်ယောက်နဲ့ ချစ်သူဖြစ်ရပြီဆိုရင် ဒီအချက်လေးတွေ သိထားဖို့ လိုပါတယ်။

(၁) ဆက်ဆံရေး ပို‌ကောင်းဖို့ ကြိုးစားပါ

ဘယ် Relationship မဆို ဆက်ဆံရေးကောင်းဖို့က အရေးအကြီးဆုံးပါပဲ။ Overthinking ဖြစ်တတ်တဲ့ လူတစ်ယောက်ကို ချစ်ရပြီဆိုရင် ပိုလို့တောင် Communication အားကောင်းဖို့ လိုပါတယ်။

အတွေးလွန်တဲ့သူတစ်ယောက်နဲ့ ရည်းစားဖြစ်သူဟာ ပွင့်လင်းပြီး ဖြောင့်မတ်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားသင့်ပါတယ်။ တစ်ခုခု စိတ်ထင့်ရင် မေးဖို့ လမ်းဖွင့်ထားပါ။

(၂) စိတ်မထိခိုက်စေဖို့ ဂရုစိုက်ပါ

အတွေးများတဲ့သူတွေဆိုတာ အစောကတည်းက စိတ်နုနယ်လွန်းပြီး ခံစားလွယ်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။ သူတို့ချစ်သူက သူတို့ရဲ့ တကယ်ချစ်ရဲ့လား ၊ အခုရော ချစ်နေတုန်းလားဆိုတာ စိတ်ထဲ အမြဲမေးခွန်းထုတ်နေတတ်ပါတယ်။

ကိုယ့်ရဲ့ လျစ်လျူရှုမှုဟာ သူတို့အတွက်တော့ စိတ်ထိခိုက်ကြေကွဲစရာ ဖြစ်နေမှာ အမှန်ပါပဲ။ ဒါကြော့် Overthinking သမားတွေကို ချစ်ရင် အသေးစိတ်ကအစ ဂရုစိုက်တတ်ဖို့ လိုပါတယ်။

(၃) အဓိပ္ပါယ်မရှိတာတွေ မပြောပါနဲ့

ဟာသအနေနဲ့ ကိုယ်ပြောလိုက်တဲ့ ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းဟာ အတွေးလွန်တဲ့ ချစ်သူအတွက်တော့ အလေးအနက်တွေးစရာတွေ ဖြစ်ချင်ဖြစ်သွားတတ်ပါတယ်။

Overthinker တွေဟာ သင့်ပါးစပ်က ထွက်သမျှ စကားလုံးတိုင်းရဲ့ အဓိပ္ပါယ်ကို ဆက်တိုက်ရှာဖွေနေသူတွေ ဖြစ်ပါတယ်။ ပြဿနာမဖြစ်ချင်ရင် ပေါက်ကရတွေ မပြောတာ အကောင်းဆုံးပါပဲ။

(၄) အတွေးမလွန်ဖို့ သွားမတောင်းဆိုနဲ့

Overthinking သမားတစ်ယောက်ကို လျှောက်မတွေးနဲ့လို့ သွားမပြောလိုက်ပါနဲ့။ အဲ့လိုပြောမယ့်အစား သူ့အတွေးတွေကို ထုတ်ဖော်ပြောခွင့်ပြုပါ။ သူ့အတွေးတွေကို နားထောင်ပြီးမှ သူ့ကို အပြုသဘောဆောင်တဲ့ အကြံပေးတာ ၊ ဖြေရှင်းချက်လုပ်တာမျိုး လုပ်သင့်ပါတယ်။

ဒီလို လုပ်ရာမှာလည်း ချစ်ခြင်းမေတ္တာနဲ့ ကြင်နာမှုက အဓိကပါပဲ။ စကားလုံးတွေထက် လုပ်ရပ်တွေက အသံပိုကျယ်တယ်လို့ ဆိုပါတယ်။ Overthinker တစ်ယောက်ကို ချစ်မိရင် သင့်ဘက်က ကြင်နာမှု ၊ နားလည်ပေးနိုင်စွမ်းနဲ့ ဂရုစိုက်နိုင်မှုတွေ ပေးစွမ်းနိုင်ဖို့ လိုပါတယ်။

တကယ်ချစ်လာတဲ့အခါမှာတော့ အလိုလို ကြင်နာသမှုနဲ့ ဂရုစိုက်သွားမှာကတော့ ပြောဖို့ လိုမယ်မထင်ပါဘူး။