ခေါင်းလျှော်တဲ့အချိန်တိုင်း ဆံသားအစိုဓာတ်ရဖို့ပေါင်းဆေး၊ ပျော့ဆေးပုံမှန်သုံးနေပေမယ့် ထူးခြားမှုမရှိဘဲ ဆံသားခြောက်သွေ့ကြမ်းတမ်းနေဆဲဖြစ်လို့ စိတ်ညစ်နေရသူတွေရှိလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာမှာ ပါဝင်တဲ့ သဘာဝနည်းလမ်းတွေက သင့်အတွက်အကျိုးရှိစေမှာပါ။ ဖော်ပြထားတဲ့ ဆံသားအတွက် သဘာဝထိန်းသိမ်းနည်းလေးတွေကို လိုက်လုပ်ပေးမယ်ဆိုရင် အစိုဓာတ်ပြည့်ဝပြီး ကျော့ရှင်းတဲ့ ဆံကေသာလေးကိုအချိန်တိုအတွင်း ပြန်လည်ရရှိလာစေမှာဖြစ်လို့ စိတ်ဝင်စားရင်ကြည့်လိုက်ရအောင်နော်-

၁။ Natural Oil တွေလိမ်းပေးပါ


Essential Oil နဲ့ ဗီတာမင်ကြွယ်ဝတဲ့ သဘာဝအဆီတွေက ဆံသားပျော့ပြောင်းဖို့အတွက်မရှိမဖြစ်ပါပဲ။ ဒါကြောင့် Hair Oil တစ်မျိုးနဲ့ ဆံပင်ကိုဆီပုံမှန်လိမ်းပေးဖို့မမေ့သင့်ပါဘူး။

၂။ ပုံမှန်အစိုဓာတ်ပေးပါ

Photo Source: Stylecraze

ညပိုင်းတွေမှာ ဆံသားကို Water Spary ပုံမှန်ဖြန်းတာမျိုးပြုလုပ်ပြီးလည်း သဘာဝအတိုင်းအစိုဓာတ်ရအောင်ထိန်းသိမ်းနိုင်ပါတယ်။

၃။ ရေများများသောက်ပါ


ရေများများသောက်တာက ကျန်းမာရေးအတွက် အကျိုးများသလို ဆံသားခြောက်သွေ့ခြင်းအတွက်လည်း အလားတူပါပဲ။ တစ်နေ့တာအတွက် လိုအပ်တဲ့ရေပမာဏ အနည်းဆုံး၂လီတာအထိ ပုံမှန်သောက်ပေးတဲ့အခါ သင့်ဆံသားခြောက်သွေ့ခြင်းကိုဖယ်ရှားနိုင်ပြီး ရေဓာတ်ပြည့်ဝနေဖို့ ကူညီပေးနိုင်မှာပါ။

၄။ ရှားစောင်းလက်ပတ် Gel ကို အလွယ်သုံး Conditioner အနေနဲ့သုံးနိုင်ပါတယ်


ခြောက်သွေ့တတ်တဲ့ ဆံသားအတွက် သဘာဝရှားစောင်းလက်ပတ် Gel ကို ခေါင်းလျှော်ပြီးနောက် အလွယ်သုံး Conditioner ဒါမှမဟုတ် Spray အဖြစ်နဲ့အသုံးပြုပြီးလိမ်းပေးနိုင်ပါတယ်။

၅။ ရှားစောင်းလက်ပတ်နဲ့ Hair Mask လုပ်ပြီးလည်း ပေါင်းတင်ပေးပါ


ရှားစောင်းလက်ပတ် Gel ကို ပျားရည်၊ အုန်းဆီတို့နဲ့ သမအောင်ရောပြီး ခေါင်းမလျှော်ခင် ပေါင်းတင် Hair Mask အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ မိနစ်သုံးဆယ်လောက်ထိလိမ်းထားနိုင်ပြီး အချိန်ပြည့်တဲ့အခါ ပုံမှန်သုံးနေကျ ခေါင်းလျှော်ရည်နဲ့ပြန်လျှော်ချပေးလိုက်ပါ။

၆။ ပရိုတင်းရရှိဖို့ ကြက်ဥနဲ့ပေါင်းတင်ပေးပါ


ဆံသားအစိုဓာတ်အတွက် ဦးရေပြားအတွင်း ပရိုတင်းဓာတ်ရနေဖို့လည်းလိုတာကြောင့် ကြက်ဥနဲ့မကြာခဏပေါင်းတင်တာမျိုးပြုလုပ်ပေးပါ။ ကြက်ဥနဲ့ သံလွင်ဆီ နှစ်မျိုးကိုရောပြီး ရေစိုစိုဆံသားပေါ်မှာ မိနစ် ၂၀ ခန့်လိမ်းပေးပြီး ပုံမှန်အတိုင်းရေပြန်ဆေးချပေးပါ။ ဒီနည်းကို တစ်လနှစ်ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါတယ်။

၇။ သဘာ၀ DIY Shampoo တွေလည်းအသုံးပြုနိုင်ပါတယ်

Photo Source: Our Oily House

ဆံသားပျော့ပြောင်းဖို့ ကိုယ်တိုင်လုပ်ထားတဲ့ သဘာ၀ Shampoo တွေနဲ့လည်းခေါင်းလျှော်လို့ရပါတယ်။ ထိရောက်တဲ့သဘာ၀ Shampoo ပြုလုပ်နည်းတစ်ခုကတော့ အာလူးဆန်မုန့် တစ်ခွက်ရဲ့လေးပုံတစ်ပုံနဲ့ ရေခွက်သေးနှစ်ခွက်တို့ကိုရောပြီး ၁၅ မိနစ်ခန့် မွှေထားကာ အပူပေးရပါမယ်။ ပြီးနောက်အအေးခံပြီး ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ရောကာ ပုလင်းတစ်ခုထဲထည့်ထားပေးလိုက်ပါ။ ဒါဆိုရင်တော့ သဘာ၀ DIY Shampoo အနေနဲ့ ပုံမှန်အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar