လူအချို့ကမနက်ပိုင်းရေချိုးရတာကြိုက်ပေမယ့် တချို့ကတော့ ညနေဘက် (သို့) ညဘက်မအိပ်ခင်ပဲရေချိုးလေ့ရှိ တယ်လို့ပြောပါတယ်။ ဒါဆို ဘယ်အချိန်မှာရေချိုးတာပိုကောင်းလဲ။ တကယ်တော့မနက်ပိုင်းရေချိုးတာရော ညနေဘက်ချိုးတာရော နှစ်မျိုးစလုံးမှာကောင်းကျိုးတွေရှိပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာချိုးတာကပိုကောင်းလဲ ဆိုတာတော့ အောက်ကအချက်တွေကို ဖတ်ကြည့်လိုက်ပါဦး။

မနက်ခင်းရေချိုးခြင်းရဲ့ ကောင်းကျိုးများ

Photo: Shutterstock

မနက်ခင်းမှာ မိနစ်အနည်းငယ်အချိန်ပေးပြီး ရေအေးအေးလေးနဲ့ ရေချိုးတာကခန္ဓာကိုယ်ကို အားပြည့်စေပြီး ခန္ဓာကိုယ်တွင်း သွေးရည်ကြည်စနစ် (lymphatic system) ကို ကောင်းအောင်လှုံဆော်ပေးပါတယ်။ ဒါ့အပြင် မနက်ခင်းရေချိုးတာက ညအိပ်ချိန်မှာ အရေပြားကထွက်တဲ့အဆီတွေ အညစ်အကြေးတွေကိုလဲ သန့်ရှင်းသွားစေတာ ဖြစ်လို့ စိတ်ကိုကြည်လင်လန်းဆန်းစေပြီး တနေ့တာလုံးတီထွင်မှုစွမ်းရည်ကိုလဲပိုကောင်းစေပါတယ်။ နောက်တချက်က တချို့သူတွေအနေနဲ့ မနက်ခင်းရေမချိုးခဲ့ရင်မသန့်ရှင်းသလိုခံစားရလို့ တနေ့လုံးမလန်းဆန်းတော့ဘူးလို့လည်း ဆိုပါတယ်။

ညနေခင်းရေချိုးခြင်းရဲ့ အကျိုးကျေးဇူးများ

Photo: Shutterstock

တချို့သူတွေကတော့ တနေ့တာလုံးသွားလာခဲ့ ပင်ပန်းနွမ်းနယ်မှုတွေပျောက်အောင် ညအိပ်ယာဝင်မဝင်ခင်ရေ ချိုးကြပါတယ်တဲ့။ ဒါက ကိုယ့်အိပ်ယာကို သန့်ရှင်းစေသလို ကောင်းမွန်စွာအိပ်ပျော်စေပါတယ်။ အနည်းငယ်နွေးတဲ့ကြက်သီးနွေးရေက စိတ်နဲ့ခန္ဓာကိုယ်ကြွက်သားတွေကို ပြေလျော့စေသလို သင်ရေချိုးခန်းထဲကထွက်လာတဲ့ အချိန် ပတ်ဝန်းကျင်ကသဘာဝလေအေးနဲ့ထိတွေ့တဲ့အခါ အလွယ်တကူပဲ အိပ်ချင်လာပါတယ်။ ဒါ့အပြင် အိပ်ချိန်အနည်းငယ်ပိုပြီးအိပ်ချင်သူတွေအတွက်လဲ ညအိပ်ယာမဝင်ခင်ရေချိုးတာက ပိုပြီးအချိန်ကြာကြာ အိပ်ပျော်စေပါတယ်။

ကဲ…ဒါဆို ဘယ်အချိန်ရေချိုးတာပိုကောင်းလဲ သင့်အတွက်ရော ဘယ်အချိန်ကပိုအဆင်ပြေလဲ သင့်ရဲ့ကြိုက်နှစ်သက်မှုနဲ့ သင်တနေ့တာလုပ်စရာရှိတဲ့ လုပ်ငန်းဆောင်တာတွေပေါ်မူတည်တာဖြစ်လို့ နှစ်ခုစလုံးမှာတော့ အကျိုးကျေးဇူးတွေရှိပါတယ်။