ပျားရည်သည် သဘာဝအာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သော အစားအစာဖြစ်ပြီး ယနေ့ထိတိုင် လူသုံးများနေဆဲပဲဖြစ်ပါတယ်။ ပျားရည်ထဲမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ်က ရောင်ရမ်းမှုကို လျော့ချပေးပြီး အသားအရေအလှအပအတွက်လည်း အကျိုးပြုနိုင်တယ်လို့ သိရှိရပါတယ်။

မျက်နှာအတွက်သာမက အသားအရေအလှအပအတွက် ပျားရည်ကို အသုံးပြုနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အနာကျက်မြန်စေဖို့နှင့် အရောင်ကျစေဖို့အတွက် ပျားရည်ကို အသုံးပြုနိုင်ပါတယ်။

ပျားရည်အသုံးပြုခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများကတော့ အသားအရေ အစိုဓာတ်ကို ထိန်းညှိပေးခြင်း၊ pH ပမာဏကို ထိန်းညှိပေးခြင်း၊ အသားအရေမညီမညာဖြစ်ခြင်း၊ ဝက်ခြံပေါက်ခြင်း၊ အသားခြောက်ခြင်းမှ ကာကွယ်ပေးခြင်းတို့ပဲဖြစ်ပါတယ်။

ဝက်ခြံပျောက်ချင်သူများအတွက်

Photo: Savannahbee.com

သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ပါ။ ထို့နောက် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် ရောနှောပါ။ မျက်နှာကို မျက်နှာသစ်ဆေးဖြင့် သစ်ပြီးနောက် ခြောက်အောင်သုတ်ပါ။ ပြီးရင်တော့ စောစောက ပျားရည် သံပုယိုသီးကို မျက်နှာအနှံ့ သုတ်လိမ်းပေးလိုက်ပါ။

မိနစ် ၂၀ ခန့်ကြာတဲ့အခါမှာတော့ ရေနွေးနွေးဖြင့် မျက်နှာသစ်ပါ။ ပြီးမှ ရေအေးနဲ့ မျက်နှာထပ်သစ်ပေးလိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်ခန့် မှန်မှန်ပြုလုပ်ပေးပါက ဝက်ခြံကင်းရှင်းတဲ့ မျက်နှာကို ပိုင်ဆိုင်နိုင်ပါတယ်။

မျက်နှာတစ်ပြင်လုံး ပေါင်းမတင်ချင်ဘူးဆိုရင်တော့

Photo: Ramadaan.co.za

သစ်ကြမ်းပိုးခေါက်အမှုန့် လက်တစ်ဖျစ်စာခန့်ကို ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဝက်ခြံပေါက်တဲ့နေရာပေါ်မှာ အုံထားပေးလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့်ကြာမှ ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၁ ကြိမ် (သို့) ၂ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

အသားအရေ စိုပြေဝင်းပချင်သူများအတွက်

Photo: Bebeautiful.in

ခရမ်းချဉ်သီးမှည့် တစ်ခြမ်းကို အခဲများမရှိတော့သည်အထိ ဇွန်းဖြင့် ချေပေးလိုက်ပါ။ ထို့နောက် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာသစ်ဆေးဖြင့် သစ်ပြီးသား မျက်နှာပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။

၁၅ မိနစ်ခန့်ကြာတဲ့အခါ ရေအေးအေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်ခန့် ပြုလုပ်ပေးပါက သင့်မျက်နှာက Glow နေမှာပဲဖြစ်ပါတယ်။

အသားအရေ ကြည်လင်ချင်သူများအတွက်

Photo: Liveatallianceblog.com

ငှက်ပျောသီးမှည့်တစ်လုံးကို အခဲများမရှိတော့သည်အထိ ချေလိုက်ပါ။ ထို့နောက် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် ရောနှောကာ သန့်စင်ခြောက်သွေ့သော မျက်နှာပေါ်တွင် သုတ်လိမ်းလိုက်ပါ။

၁၀ မိနစ်၊ ၁၅ မိနစ်ခန့်ကြာမှ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်ခန့် ပေါင်းတင်ပေးပါက သင့်အသားအရေက ကြည်လင်စိုပြေလာပါလိမ့်မယ်။

Source: Stylecraze.com