ဒါမျိုးအကြိမ်ပေါင်း ထောင်၊ သောင်းမက ဖြစ်ဖူးကြမှာပါ။ ကိုယ်သဘောကျနေတဲ့သူက ကိုယ့်ကိုနည်းနည်းလေး ရင်းရင်းနှီးနှီးပြောလိုက်တာနဲ့ သူများငါ့ကိုသဘောကျနေပြီလားပေါ့။ ဒီကောင်ကြူနေတာလား။ ငါ့ကိုတကယ်ပဲ သဘောကျနေတာလားဆိုပြီး စိတ်ကူးနဲ့ရူးခဲ့ရတဲ့အချိန်တွေကလည်း မနည်းပါဘူး။ ဆိုတော့ ကိုယ့်သဘောကျနေတဲ့သူက ကိုယ့်ကိုကြူနေတာလား ဒါမှမဟုတ် တကယ်ပဲစိတ်ဝင်စားနေတာလားဆိုတာကို သူ့စကားပြောပုံ၊ ဆိုပုံလေးတွေကိုကြည့်ပြီး သိနိုင်ပါတယ်။

၁။ တောင်းဆိုတာတွေရှိမယ်

Source: Depositphotos

ဥပမာ အွန်လိုင်းပေါ်က စကားပြောကြတယ်ဆိုပါစို့။ ကြူနေတဲ့ယောကျာ်းတစ်ယောက်က သင့်ကိုဒီတိုင်း သူအားတဲ့အချိန် (သို့) သူစိတ်ကူးပေါက်တဲ့အချိန်ကျမှ စကားလာပြောပါမယ်။ သင့်ကိုသဘောကျနေတဲ့ယောကျာ်းကတော့ သင့်ကိုအပြင်မှာတွေ့ဖို့၊ သင့်နဲ့ပိုနီးစပ်ဖို့အတွက် တောင်းဆိုတာလေးတွေရှိလာပါလိမ့်မယ်။ အပြင်မှာဒိတ်လုပ်ဖို့ပြောတာမျိုးပေ့ါ။

၂။ ပြုံးပြပါလိမ့်မယ်

Source: AskMen

ဒီတိုင်းစကားပြောနေရင်းနဲ့ သာမန်သူငယ်ချင်းယောကျာ်းလေးတစ်ယောက်က မဆီမဆိုင်သင့်ကို ရုတ်တရတ်ပြုံးပြတာမျိုး ကြုံဖူးပါသလား။ စဉ်းစားကြည့်ပါ။ ကိုယ့်ကိုသဘောကျနေမှ အဲဒီလိုပြုံးပြတာပါ။ နှစ်ယောက်တူတူထိုင်နေတဲ့အချိန် သာမန်ဆက်ဆံရေးမျိုးရှိတဲ့ယောကျာ်းက ဘယ်တော့မှမပြုံးပြပါဘူး။ သင့်ကိုသဘောကျနေမှသာ မျက်လုံးချင်းဆုံတဲ့အခါ ဘာပြောရမှန်းမသိဘဲ ပြုံးပြတာပါ။

၃။ လုံခြုံရကြောင်းပြောမယ်

Source: newstrend.news

ကိုယ်နဲ့ဆိုရင် မင်းဘဝဘယ်လောက် လုံခြုံမယ်။ ဘယ်လောက်စိတ်ချရမယ်စသဖြင့် စသလိုလိုနောက်သလိုလိုနဲ့ ပြောနေပြီဆို သေချာပါတယ်။ သူသင့်ကိုကြူနေပါပြီ။ တကယ်စိတ်ဝင်စားမယ်ဆို ယောကျာ်းတွေက ကိုယ့်ကိုယ်ကိုယ်ကြွားဝါဖို့နေနေသာသာ စကားလုံးရှာမရဖြစ်တတ်ပါတယ်။ လေးနက်သွားတတ်ကြတာမို့ သးတို့အမှားလုပ်မိတဲ့အခါ မိန်းကလေးတွေဘက်က အထင်သေးသွားမှာကိုကြောက်ပြီး အဲဒီမိန်းကလေးကိုသာ ပေးဆုံးဖြတ်ကြစေပါတယ်။

၄။ ရွှင်ရွှင်ပျပျရှိတယ်

Source: Life Hacks

ကိုယ်နဲ့မှ စကားတွေဖောင်ဖွဲ့ပြောနေမယ်။ ကိုယ့်ကိုပျော်ရွှင်အောင်လုပ်ပေးမယ်။ သူနဲ့အမြဲအချိန်ကုန်ချင်လာအောင် သင့်ကိုဆွဲဆောင်မယ်။ ဒါတွေပြုလုပ်ပေးမယ်ဆိုရင်တော့ သူသင့်ကိုတကယ်ချစ်မိနေပါပြီ။ အဲဒီလိုမဟုတ်ဘဲ အပြောပဲရှိပြီး အလုပ်မရှိတဲ့ယောကျာ်းဆိုရင်တော့ သင့်ကိုကြူတာလို့ပဲမှတ်ပါ။

၅။ အထင်ကြီးခံချင်တယ်

Source: Undone Redone

အကယ်၍ ကိုယ်စိတ်ဝင်စားနေတဲ့ ယောကျာ်းလေးက သူ့ဝါသနာတွေနဲ့ သူဆန္ဒတွေ၊ သူ့အောင်မြင်မှုတွေအကြောင်းကို သင်မမေးဘဲ ထုတ်ပြောခဲ့မယ်ဆို သင့်ကိုသဘောကျနေလို့လို့ပဲမှတ်ပါ။ ကြွားတတ်တဲ့ယောကျာ်းကလွဲပြီး ဘယ်ယောကျာ်းလေးမှ ကိုယ်စိတ်မဝင်စားတဲ့မိန်းကလေးကို ကိုယ့်ဘဝအကြောင်း လေကုန်ခံမရှင်းပြပါဘူး။ ချစ်တယ်ပြောပြီး တစ်ခါမှနက်နက်နဲနဲမရှင်းပြဖူးရင်လည်း သင့်ကိုမချစ်လို့ပဲလို့မှတ်ပါ။

၆။ အတွေ့အထိ

Source: Patheons

မချစ်ရင်မထိပါဘူး။ သဘောက ကားလမ်းဘေးလမ်းလျှောက်နေတဲ့အခါမျိုးမှာ ရုတ်တရတ်သင့်လက်ကိုင်လိုက်တာမျိုး၊ လမ်းဘေးက လျှောက်ခိုင်းတာမျိုး၊ အကယအကွယ်ပေးထားတာမျိုး စတာတွေက ယောကျာ်းလေးတွေအတွက်တော့ ကိုယ်ချစ်တဲ့မိန်းကလေးနဲ့မှ အလိုအလျောက်ဖြစ်ပေါ်လာတာပါ။ စကားကိုတော့ ရွှန်းရွှန်းဝေအောင်ပြောထားပြီး အဲဒီလိုကားလမ်းကူးတဲ့အချိန်ကျ ကိုယ်နဲ့မိုင် (၃၀၀) အကွာလောက်မှာရှိနေမယ်ဆို သေချာပါပြီ။ သူသင့်ကို ကြူနေတာပါ။

Featured image source: Life Hacks