မင်္ဂလာပါနော်။ ဒီတစ်ခေါက်မှာ အသက်ငယ်ပုံပေါက်သွားအောင် ဆံပင်စတိုင်နဲ့ ကာလာပြောင်းချင်တဲ့ ပျိုမေတို့ အိုင်ဒီယာယူနိုင်မယ့် နာမည်ကြီး မော်ဒယ်လ်၊ Beauty နဲ့ ဖက်ရှင် Blogger ဖြစ်သူ Irene Kim ရဲ့ တစ်မူထူးခြားတဲ့ ဆံပင်ကာလာတွေကို မျှဝေပေးချင်ပါတယ်။


Irene ဟာဆိုရင် ကိုးရီးယားမိဘနှစ်ပါးကနေ အမေရိကန်မှာမွေးပြီး ကြီးပြင်းခဲ့တဲ့ ကိုးရီးယား-အမေရိကန် လူမျိုးဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၃၅ နှစ်ရှိပြီဖြစ်ပေမယ့် အသက်ကို နောက်ပြန်ဆုတ်ထားသလား မှတ်ရအောင် နုပျိုနေဆဲဖြစ်တဲ့သူမဟာ အသက် ၂၅ နှစ်ကတည်းက မော်ဒယ်လ်လောကထဲ ဝင်ရောက်လာခဲ့သူပါ။ ဖက်ရှင်နဲ့ကျောင်းပြီးထားတဲ့အပြင် ဖက်ရှင်အမြင်အရမ်းကောင်းတဲ့သူမဟာ ကမ္ဘာကျော် အဝတ်အစား Brand တွေရဲ့ ပင်တိုင်မော်ဒယ်လ်နဲ့ Brand Ambassador အဖြစ် လုပ်ကိုင်နေသလို နာမည်ကြီး Magazine တွေရဲ့ မျက်နှာဖုံးမော်ဒယ်လ်အဖြစ်လည်း ဖော်ပြခံခဲ့ရသူပါ။


မော်ဒယ်လ်ဖက်ရှင်ပိုင်းမှာ အမြဲခေတ်ရှေ့ပြေးအောင် ဝတ်စားတတ်တဲ့သူမဟာ Hairstyle ကိုလည်း အမိုက်စားဖြစ်နေအောင် ပုံစံအမျိုးမျိုးပြောင်းတတ်သူဖြစ်ပါတယ်။

သူမ ဆိုးတတ်တဲ့ ဆံပင်ကာလာတွေက သာမာန်လူသိပ်ဆိုးလေ့မရှိတဲ့ ထူးခြားတဲ့အရောင်တောက်တွေဖြစ်တာမို့ အထာကျသလို အသက်ငယ်ပုံလည်း ပေါက်စေမှာပါ။ ဒီတော့ စိတ်ဝင်စားတယ်ဆိုရင် Irene ရဲ့ အထာကျတဲ့ ဆံပင်ကာလာလေးတွေကို ကြည့်လိုက်ရအောင်နော်-

အရောင်တောက်ပြီးထင်းနေတာမျိုး ဆိုးချင်သူတွေအတွက် Rainbow ကာလာ


ဆံပင်အတို၊ အရှည်မရွေးလိုက်ဖက်တဲ့ အရောင်တောက်တွေ

အရောင် Highlight သေးသေးတွေဖောက်ထားတဲ့ ဆံပင်အတိုစတိုင်


အသားဖြူသူတွေနဲ့ အရမ်းလိုက်ဖက်တဲ့ပန်းရောင်စတိုင်


အထာကျတဲ့ အရောက်အတောက်တွေ


နှစ်ရောင်စပ် Two Tone ကာလာ


ဂျပန်မလေးပုံစံ Hime Cut ဆံပင်နဲ့ ကာလာ Hightlight လေးတွေ

Photo Source: Pinterest

By MyStyle Myanmar