မင်္ဂလာပါ…. ပျိုမဒီတို့ရေ… Gel လက်သည်းနီတော့ ဆိုးချင်ပါရဲ့… ဆိုင်လည်းမသွားချင်ဘူး.. ကိုယ်တိုင်ဆိုးကြည့်ချင်တဲ့ ကောင်မလေးတွေအတွက် Gel ကို အိမ်မှာအလွယ်တကူဆိုးနိုင်ဖို့ နည်းလမ်းလေးတွေ‌ ဝေမျှလိုက်ပါတယ်နော်။

အရင်ဆုံး Cuticle Pusher နဲ့ Cuticles များကို တွန်းလိုက်ပါ။ သေချာအောင် Cuticle Pusher နဲ့ လက်သည်းခွံပေါ်က Cuticle ကို ခြစ်လိုက်ပါ။

လက်သည်းခြေသည်းကို ကြာရှည်ခံစေဖို့အတွက် Nail Buffer နဲ့ ပွတ်ပေးပါ။ လက်သည်းတွေကို ချောမွေ့အောင် မလုပ်ဘဲ ကြမ်းဖို့အတွက်ပါ။

လက်သည်းပေါ်မှာ ဖုန်မှုန့်များ၊ အညစ်အကြေးများ၊ အဆီများ လုံးဝမကျန်စေဖို့ Cotton Pad သို့မဟုတ် ဘရက်ရှ်ကို Acetone မှာနှစ်ပြီး လက်သည်းခြောက်တဲ့အထိ လိမ်းပေးပါ။

Gel Polish လိမ်းတဲ့အခါ ပုံမှန်လက်သည်းနီလို ထူထူဆိုးစရာမလိုဘဲ ပါးပါးလေးဆိုးပေးပါ။ အိမ်မှာ ဂျယ်လ်အသုံးပြုသူတွေ လုပ်မိတဲ့ အကြီးမားဆုံးအမှားတွေထဲက တစ်ခုကတော့ လက်သည်းထိပ် အနားသတ်တွေကို သေချာမလုပ်မိတာပါ။

လက်သည်းဆိုးတဲ့အခါ ဘေးဘက်ကိုပေးရင် LED မီးအောက်ကို မထည့်ခင် အညစ်အကြေးတွေကို ဖယ်ရှားဖို့က အရမ်းအရေးကြီးပါတယ်။ ပြီးမှဆို ဖယ်လို့ရတော့မှာ မဟုတ်ပါဘူး။

အားလုံးပြီးသွားရင် လက်သည်းကို LED မီးအောက်မှာ စက္ကန့် ၃၀ လောက်ထားပေးပါ။

လက်သည်းဆိုးပြီးရင် Cuticle oil နဲ့ Hand Cream လိမ်းတာကို တော်တော်များများက လျစ်လျူရှုထားကြပါတယ်။ လက်သည်းထဲ အစိုဓာတ်နည်းနည်းပြန်ထည့်ဖို့က အရေးကြီးပါတယ်။