တန်ဖိုးကြီးမိတ်ကပ်ပစ္စည်းတွေက သုံးလို့လည်းကောင်းသလို ဈေးလည်းကြီးတာက တကယ့်လက်တွေ့ပါပဲ။ ဒါကြောင့်မို့လို့ တန်ဖိုးကြီးမိတ်ကပ်ပစ္စည်းတွေ ၊ စျေးကြီးတဲ့ အလှကုန်ပစ္စည်းတွေကို အကုန်ကျနည်းနည်းနဲ့ ပုံမှန်ဆက်သုံးချင်တယ်ဆိုရင်တော့ မိတ်ကပ်လိမ်းတဲ့အခါ ဒီအချက်တွေကို လိုက်နာကြည့်ပါ။

လက်ရှိသုံးနေတဲ့ Lotion ၊ မိတ်ကပ်ပုလင်းက ကုန်သွားပြီဆိုပြီး မလွှင့်ပစ်ပါနဲ့။ အထဲမှာကျန်နေတာတွေကို ခွက်အသန့်တစ်ခုထဲ ခြစ်ထည့်ကြည့်ပါ။ အထဲမှာကျန်နေသေးတာ ဘယ်လောက်တောင်လဲဆိုတာ အံ့သြလောက်အောင် တွေ့ရမှာပါ။

Online Store ကဝယ်ပါ။ Online Store တော်တော်များများမှာက တစ်နှစ်ပတ်လုံး လျှော့ဈေးရှိတတ်တဲ့အပြင် ဝန်ထမ်းခ ၊ ဆိုင်ခန်းခတွေမရှိတာမလို့ ပုံမှန်ထက် သက်သာတတ်ပါတယ်။

ဈေးလျှော့ရောင်းတဲ့အချိန်ကို စောင့်ပြီးဝယ်ပါ။ ဒီလိုနည်းနဲ့ စျေးကြီးတဲ့ အလှကုန်ပစ္စည်းတွေကို စျေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။

ဈေးကြီးတဲ့အလှကုန်တွေ မိတ်ကပ်တွေက ရင်းနှီးမြှုပ်နှံမှုတစ်ခုမလို့ မဝယ်ခင်မှာ အရင်ဆုံး YouTube ဒါမှမဟုတ် Online ကReview တွေ ဖတ်ပါ။ ဒါမှ ကိုယ်နဲ့အဆင်ပြေမပြေသိပြီး မလိုအပ်တာမဝယ်မိဘဲ ချွေတာနိုင်မှာပါ။

တစ်ခုထက်ပိုပြီးသုံးလို့ရတဲ့ အလှကုန်ပစ္စည်းတွေကို ဝယ်ပါ။ ဥပမာ- နှုတ်ခမ်းနီကို ပါးနီ ဒါမှမဟုတ် Eyeshadow အဖြစ်သုံးလို့ရတာမျိုး။

ကိုယ်အမြဲသုံးဖြစ်မယ့် မဖြစ်မနေသုံးရမယ့် ပစ္စည်းတွေကို အဓိကထားဝယ်ပါ။ တစ်ခါတလေမှသုံးဖြစ်မယ့် ပစ္စည်းက ဈေးကြီးနေတာ တန်သလားလို့ ပြန်စဥ်းစားပါ။

ပုံမှန်မိတ်ကပ်လိမ်းလေ့ရှိတဲ့သူမဟုတ်ဘူးဆိုရင် ပွဲတက်စရာရှိတဲ့အခါမျိုးအတွက် ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေအတွက် ပိုက်ဆံအကုန်အကျခံဖို့ မလိုပါဘူး။ အလှပြင်ဆိုင်သွားပြီး လိုချင်တဲ့ပုံစံသာ ပြင်ခိုင်းလိုက်ပါ။