ဝိတ်ချဖို့က ခက်ခဲတဲ့ကိစ္စဖြစ်သလို လူအများစုက အချိန်တိုအတွင်း ပြောင်းလဲမှုကို မြင်ချင်ကြပါတယ်။ ယနေ့ခေတ်မှာ အဆီကျပြီး ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့က အားလုံးရဲ့ အိပ်မက်ပါပဲ။ အစားကောင်းအသောက်ကောင်းတွေ ပေါများလှတဲ့ အချိန်အခါမှာ ချပ်ချပ်ရပ်ရပ်နဲ့ ခန္ဓာကိုယ်လှလှလေးကို ရဖို့က တကယ်မလွယ်တဲ့အလုပ်တစ်ခုပါ။ ဒါ့အပြင်ခေတ်ကာလက အလုပ်များလွန်းတာကြောင့် လေ့ကျင့်ခန်းအတွက် အချိန်သိပ်မပေးနိုင်ကြပါဘူး။ ဒါကြောင့် ဝိတ်ကျဖို့အတွက် မြန်ဆန်တဲ့နည်းလမ်းတွေကို ရှာတတ်ကြပါတယ်။

ဒါပေမဲ့ အဆီကျဖို့ဆိုတာက ကိုယ့်ရဲ့ စားချင်စိတ်တွေကို စတေးပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လေ့ကျင့်ခန်းလည်းမလုပ်ချင်ဘူး၊ အစားလည်းမလျှော့ချင်တဲ့ အပျင်းကြီးတဲ့ပျိုမေတို့အတွက် အမြန်ဆုံး အဆီပိုတွေဖယ်ရှားပြီး ကျစ်လစ်သွယ်လျတဲ့ခန္ဓာကိုယ်လေး ပိုင်ဆိုင်စေမယ့် နည်းလမ်း‌လေးတွေကို ပြောပြပေးလိုက်ပါတယ်နော်…

၁။ အစာမစားခင် ရေသောက်ပေးပါ

ရေဆိုတာ လူ့ခန္ဓာကိုယ်မှာ အလိုအပ်ဆုံးအရာတစ်ခုပါ။ ကျွန်ုပ်တို့ဟာ နေ့စဉ်ရေပမာဏ လုံလုံလောက်လောက် သောက်ပေးရပါမယ်။ လူအများစုကတော့ အလုပ်များလွန်းတာကြောင့် ရေသောက်ဖို့ မေ့နေတတ်ကြပါတယ်။ အစာမစားခင် မိနစ် ၃၀ အလိုမှာ ရေတစ်ခွက် နှစ်ခွက်သောက်ပေးတာက သင့်ရဲ့ဇီဝဖြစ်စဉ်ကို မြန်ဆန်စေသလို အစားစားချင်စိတ်ကိုလည်း နည်းပါးသွားစေပါတယ်။

၂။ စားနေတဲ့အစားအသောက်ကို လေးစားပါ

ခုခေတ်မှာ ဖုန်းတွေကတော့ နေရာတိုင်းမှာ ပါတာပါပဲ။ စားလည်း ဖုန်းတစ်လုံးနဲ့။ နောက်ဆုံး အိမ်သာတက်ရင်တောင် ဖုန်းကို ယူသွားတတ်ပါတယ်။ ဒီလိုမလုပ်သင့်ပါဘူး။ စားနေတဲ့အချိန် ဖုန်းမကြည့်သင့်ပါဘူး။ သင်စားနေတဲ့အစားအသောက်ကို အာရုံစိုက်ရပါမယ်။ ဒီလိုလုပ်တာက ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲကို အစားဘယ်လောက်ဝင်သွားလဲသိနိုင်ပြီး အစားပိုနည်းသွားစေပါတယ်။

၃။ ပန်းကန်သေးသေးလေးတွေနဲ့ ခွဲခွဲစားပါ

သင်က အစားအသောက်တွေကို ပန်းကန်သေးသေးလေးတွေနဲ့ ခွဲစားရင် အစားပိုနည်းသွားစေပါတယ်။ စားတဲ့အချိန် ဇွန်းသေးသေးလေးနဲ့ စားတာ ဒါမှမဟုတ ်တူနဲ့စားကြည့်ပါ။

၄။ အိပ်ရေးဝပါစေ

အိပ်စက်ခြင်းက သင့်ရဲ့ဇီဝဖြစ်ပျက်မှုကို ကောင်းမွန်စေသလို ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ အိပ်စက်ခြင်းက လူတစ်ယောက်ကို ပျော်ရွှင်စေမှာပါ။ အိပ်ရာထဲမှာ နေရတာကို မကြိုက်တဲ့သူ ဘယ်သူရှိလို့လဲ။

၅။ အခန်းအေးအေးလေးထဲမှာ အိပ်ပါ

အေးတဲ့အခန်းထဲမှာ အိပ်တာက သင့်ကို ဝိတ်ကျစေနိုင်ပါတယ်။ အပူချိန်ကို 19’C ဒါမှမဟုတ် အဲ့ထက်နည်းတဲ့အပူချိန်ထားပေးပါ။ အဆီပိုလောင်ကျွမ်းစေပါတယ်။

၆။ အဆီလောင်ကျွမ်းစေတဲ့အစားအသောက်တွေ ပါအောင်စားပါ

သင်စားတဲ့အစားအစာတွေထဲမှာ ကြက်ဥ၊ ငရုတ်သီး၊ သံလွင်ဆီ၊ ဆယ်လ်မွန်ငါးနဲ့ အစေ့အဆံတွေကို ပါဝင်အောင် စားရပါမယ်။ ဒီအစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဝိတ်ထိန်းပေးပါတယ်။

၇။ သင်စားချင်တာကို စားပါ

ဒီလိုပြောလိုက်လို့ ဝိတ်ရောကျပါ့မလားလို့ သံသယဝင်စရာပါ။ ကိုယ်စားချင်တာအကုန်လုံးစားတဲ့နေရာမှာ ဘာတွေစားနေလဲ ဘယ်လောက်များများ စားနေလဲဆိုတဲ့အရာကို သတိထားကြည့်ပေးရပါမယ်။ ဘာမစားရဘူး၊ ညာမစားရဘူးကန့်သတ်ထားတာက သင့်ကို စိတ်ဖိစီးမှုပိုများစေသလို အစားပိုစားစေပါတယ်။

၈။ သွားတိုက်ပါ

အစာစားပြီးနောက် သွားတိုက်ပေးတာက နောက်ထပ်မစားမိဖို့ ကန့်သတ်လိုက်သလိုပါပဲ။

၉။ ရယ်မောပါ

ရယ်မောခြင်းက စိတ်ဖိစီးမှု သက်သာစေသလို အဆီလောင်ကျွမ်းမှုကို မြန်ဆန်စေပါတယ်။

Source: Brightside.me