ကျန်းမာသန်စွမ်းပြီး ဆံပင်တွေ သိသိသာသာအရှည်မြန်စေတဲ့နည်းလမ်းကို တော်တော်များများက သိချင်ကြပါတယ်။ ဒါကြောင့် ဆံပင်အရှည်မြန်ဖို့ ကူညီပေးပြီး ဆံပင်အတွက်အကျိုးရှိစေမယ့် နည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။

ကဖင်းဓာတ်ပါတဲ့ ထုတ်ကုန်တွေကို စမ်းကြည့်ပါ

ကဖိန်းဓာတ်သည် ဆံပင်ကြီးထွားမှုကို မြှင့်တင်ပေးနိုင်တာကြောင့် ကဖိန်းကို အ‌ခြေခံထုတ်ထားတဲ့ Shampoo ၊ Conditioners စတာတွေကို သုံးပေးပါ။

Essential oils သုံးပါ

Essential oil တွေက အနံ့ကောင်းရုံသာမကဘဲ ဆံပင်ကြီးထွားမှုကိုလည်း အထောက်အကူပြုတဲ့အပြင် ဆံပင်ကျွတ်တာကိုလည်း သက်သာစေတာမလို့ မဖြစ်မနေသုံးပေးပါ။

ဦးရေပြားကို နှိပ်ပေးပါ

ဦးရေပြားကို နှိပ်ပေးတာက စိတ်ဖိစီးမှုကိုလျော့ချပေးပြီး စိတ်ကို ပြေလျော့စေတဲ့အပြင် ဆံပင်ကို ပိုထူပြီး သန်စွမ်းတဲ့ဆံပင်ဖြစ်ဖို့လည်း ကူညီပေးပါတယ်။

PRP ကုထုံးခံယူပါ

PRP ကုထုံးက ဆံပင်ကျွတ်တာကို ထိရောက်တဲ့ကုသမှုနည်းလမ်းတစ်ခုဖြစ်တာမလို့ ကုသမှုကို တစ်လလျှင် တစ်ကြိမ်၊ ၃ လ၊ နှင့် ၆ လတစ်ကြိမ် ပုံမှန်လုပ်ပေးပါ။

အပူကိုထိန်းပါ

ဆံပင်အခြောက်ခံစက်တွေ ၊ ဖြောင့်စက်တွေကထွက်တဲ့အပူတွေက ဆံသားကို ပျက်စီးစေပြီး ကျိုးကြေစေတာကြောင့် သုံးတဲ့အကြိမ်ရေကို ကန့်သတ်ပြီး သုံးတဲ့အခါ အပူချိန်ကို လျှော့ချပါ။

ဆေးမဆိုးပါနဲ့

ဆံပင်ဆိုးဆေးသုံးတာက ဆံပင်ရဲ့ ခိုင်ခံ့မှုနဲ့ အထူကို ထိခိုက်စေနိုင်ပြီး ဆံပင်ကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ဆံပင်ဆေးဆိုးတာကို ရှောင်ပါ။

Antioxidants တွေကို ဦးရေပြားကို လိမ်းပေးပါ

Antioxidants တွေကို လိမ်းပေးတာက ဆံပင်ကျွတ်တာကို လျော့စေပြီး ဦးရေပြားရဲ့အခြေအနေကို ပိုကောင်းစေတာမလို့ ဆံသားပါးလွှားတာကို လျော့နည်းစေပါတယ်။