လမ်းခွဲခြင်းက အမြဲတမ်းခက်ခဲပေမယ့် အရာအားလုံးရဲ့အဆုံးသတ်တော့ မဟုတ်ပါဘူး။ အသည်းကွဲတာကို ကျော်ဖြတ်နိုင်ဖို့က လမ်းခွဲခြင်းကို ရင်ဆိုင်ပြီး ဘဝကိုရှေ့ဆက်ရမှာပါ။

အသိအမှတ်ပြုပါ

အရင်ဆုံး ဝမ်းနည်းတာ၊ ဒေါသထွက်တာ ဒါမှမဟုတ် အပြစ်ရှိတယ်လို့တောင် ခံစားမိရင် အဆင်ပြေပါတယ်။ ခံစားချက်တွေကို ရှောင်ဖို့ ဒါမှမဟုတ် ဖိနှိပ်ဖို့ကြိုးစားမယ့်အစား သူတို့ကို အပြည့်အဝခံစားပါ။ ဒီလိုလက်ခံတာက အသည်းကွဲတာကို ကုသဖို့အတွက် အရေးကြီးဆုံးပါ။

အဆက်အသွယ်ဖြတ်ပါ

ချက်ချင်း အဆက်အသွယ်ဖြတ်ဖို့က ခက်ခဲနိုင်ပေမယ့် သင့်ကိုယ်သင် အာရုံစိုက်နိုင်ဖို့အတွက် အရင်ဆုံး အဆက်သွယ်ဖြတ်ပါ။

ကိုယ့်ဘာသာကိုယ်ဂရုစိုက်ပါ

ဒီအချိန်မှာ စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနေနိုင်တာမလို့ ကျန်းမာအောင် စားပါ။ လေ့ကျင့်ခန်းလုပ်ပြီး အိပ်ရေးဝဝအိပ်ပါ။ စိတ်ချမ်းသာမှုကို ဦးစားပေးပါ။

လက်ရှိအခိုက်အတန့်ကို အာရုံစိုက်ပါ

အတိတ်ကိုပြန်မတွေးဘဲ ပစ္စုပ္ပန်မှာရှိနေဖို့ ကြိုးစားပြီး အနာဂတ်အတွက် ကြိုပြီး စိုးရိမ်ပူပန်နေတာမျိုး ရှောင်ပါ။ လက်ရှိအခိုက်အတန့်ကို အာရုံစိုက်ပြီး ပစ္စုပ္ပန်မှာ ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာဘဲ တွေးပါ။

သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းပါ

အိမ်မှာတစ်ယောက်တည်း အသည်းကွဲငိုနေမယ့်အစား သူငယ်ချင်းတွေနဲ့ စျေးဝယ်ထွက်၊ စား၊ အရက်သောက်ပြီး စိတ်သက်သာရာရစေဖို့ စကားပြောပါ။

ကိုယ့်ကိုယ်ကိုအာရုံစိုက်ပါ

လမ်းခွဲပြီးနောက်ပိုင်းမှာ ကိုယ့်ကိုမချစ်လို့ လမ်းခွဲသွားတဲ့ရည်းစားဟောင်းကို အာရုံစိုက်မယ့်အစား ဘာလို့ ကိုယ့်ကိုကိုယ် ဒီလို အာရုံမစိုက်နိုင်ရမှာလဲ ? ဒီအချိန်မှာ ကိုယ့်ကိုယ်ကို အပြစ်တင်တာကို ရှောင်ပြီး ချစ်ဖို့ ကြင်နာဖို့ မမေ့ပါနဲ့။