အလုပ်သင်ဆင်းနေသူတွေ အတွက် ဝတ်စားဆင်ယင်မှုက အရေးပါပါတယ်။ မိမိကိုယ်ကို သပ်သပ်ရပ်ရပ်လေးနဲ့ ဖက်ရှင်ကျအောင်ဝတ်စားမယ်ဆိုရင် လုပ်ငန်းခွင်အတွက် သင့်ရဲ့ Expression ကလည်း ကောင်းမွန်မှာဖြစ်ပါတယ်။

သင်ရဲ့ ဖက်ရှင်က ဘိုသီဘတ်သီဖြစ်နေရင်တော့ သင့်ရဲ့ Expression က ကျနိုင်တာကြောင့် အလုပ်သင်ဆင်းနေသူတွေ ရိုးရိုးလေးနဲ့ ဖက်ရှင်ကျအောင် ဘယ်လိုဝတ်ဆင်ရမလဲဆိုတာကို မျှဝေပေးသွားပါမယ်။

Jeans နဲ့ Trouser ဘောင်းဘီတွေဝတ်ပါ

လှုပ်ရှားရတာ ပေါ့ပေါ့ပါးပါးလည်းရှိပြီး သင့်ကို ဖက်ရှင်ကျစေမှာပါ။ အဲဒီလို ဘောင်းဘီတွေနဲ့ ရှုးဖိနပ်အပါးကို တွဲပြီး စီးပေးလို့ရပါတယ်နော်။

အင်္ကျ ီကိုလည်း လိုက်ဖက်အောင်ဝတ်ပါ

သင်ဝတ်ထားတဲ့ ဘောင်းဘီနဲ့ လိုက်ဖက်ပြီး လုံလုံခြုံခြုံရှိတဲ့ အင်္ကျ ီ ကို တွဲဖက်ဝတ်ဆင်ပါ။

ကုတ်အင်္ကျ ီ တွဲဝတ်ပါ

ရုံးအလုပ်လုပ်သူတွေကို စမတ်ကျစေတာကတော့ ကုတ်အင်္ကျ ီ လှလှတစ်ထည်ပါပဲနော်။ သင့်ရဲ့ ရိုးရိုးရှင်းရှင်း အင်္ကျ ီရဲ့ အပေါ်ကနေ ကုတ်အင်္ကျ ီ ထပ်ပြီးဝတ်ပေးသင့်ပါတယ်။

ရိုးရှင်းတဲ့ Dress အင်္ကျ ီ ဝတ်ပါ

ရိုးရှင်းပြီး ဖက်ရှင်ကျစေတဲ့ Dress အင်္ကျ ီကို ဝတ်ဆင်လို့ရပါတယ်။ သင့်ကို လှပတင့်တယ်စေတဲ့ Dress ဝတ်စုံကို သတိတရ ဝတ်ဆင်လိုက်ပါ။