မုသား စကားပြောတဲ့အခါ မုသားဖြူဆိုတဲ့ တဖက်သူကို ကောင်းစေချင်တဲ့ စေတနာနဲ့ မဖြစ်မနေ မုသားပြောရတာတွေရှိပါတယ်။ လိမ်ညာတာဟာ ကောင်းတဲ့ အရာတစ်ခုမဟုတ်ပေမယ့် လူတိုင်းပြုလုပ်နေကြတဲ့ လိမ်ညာခြင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေကို မျှဝေပေးချင်ပါတယ်။

ဦးနှောက်အလုပ်လုပ်ပုံ

လိမ်ညာတဲ့အခါမှာ ဦးနှောက် အမြှေးပါးတစ်ခုက လှုံ့ဆော်ပေးပြီး အမှန်တရားကို မပြောစေဖို့ ဖိနှိပ်ပေးပါတယ်။ Limbic System (ဒုတိယအလွှာ) လို့ခေါ်တဲ့ စိတ်ခံစားချက်စနစ်ကလည်း တက်ကြွလာပြီး စိုးရိမ်ပူပန်မှုကို မြင့်မားလာစေပါတယ်။

ဦးနှောက်က လုပ်ဆောင်ပေးတာပါ

အမှန်တရားပြောတဲ့အခါမှာ ဦးနှောက်က တက်ကြွမှုမရှိပါဘူး။ တစ်ဖက်ကကြည့်ရင် လိမ်ညာတဲ့အခါ သင့်ဦးနှောက်က ပိုပြီး တက်တက်ကြွကြွရှိပါတယ်။

လူတွေ ဘယ်နှစ်ကြိမ်လောက် လိမ်လေ့ရှိသလဲ

တစ်နေ့ ဘယ်နှစ်ကြိမ်လောက် လိမ်လေ့ရှိသလဲ။ စာဖတ်သူတို့ကော တစ်နေ့ ဘယ်နှစ်ကြိမ်လောက်လိမ်လေ့ရှိပါသလဲ။ လေ့လာတွေ့ရှိချက်အရ လူတွေဟာ တစ်နေ့ ၁ ကြိမ် (သို့) ၂ ကြိမ် အနည်းဆုံး လိမ်လေ့ရှိတယ်လို့ဆိုပါတယ်။

စာရင်းဇယားအချက်အလက်များ

လူဦးရေရဲ့ ၁၅% လောက်ဟာ အလုပ်မှာ လိမ်ကြတယ်ဆိုတာကို ဝန်ခံကြပါတယ်။ လူ ၅၉ % ခန့်ကတော့ အဲဒီလို လိမ်ညာပေမယ့် အပြစ်ရှိတယ်လို့ ခံစားရလေ့မရှိပါဘူး။

အလုပ်သဘောအရ လိမ်ခြင်း

အလုပ်သဘောအရလည်း လိမ်ညာတတ်ကြပါတယ်။ ၉၄% သော နိုင်ငံရေသမားတွေဟာ သူတို့ အလုပ်မှာ လိမညာကြပြီး စီးပွားရေးခေါင်းဆောင် ၉၂%  ရှေ့နေ ၇၇% ဆရာဝန် ၂၇% ဟာ မုသားနဲ့ မကင်းကြပါဘူး။

Source: www.trendcrown

By: MyStyle Myanmar