အားလုံးပဲ မင်္ဂလာပါနော်။ ဘာလိုလိုနဲ့ ဇွန်လကိုတောင် ရောက်လာပြီနော်။ ဒီလထဲမှာ သင့်မွေးနေ့ရှိလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ June လမှာ မွေးဖွားသူတွေက Gemini ဒါမှမဟုတ် Cancer ရာသီခွင်တွေဖြစ်ပါတယ်။ ဒီတော့ June လမွေးဖွားသူတွေရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ကြည့်လိုက်ရအောင်နော်-

၁။ အကောင်းမြင်စိတ်ရှိကြတယ်

ဇွန်လ မွေးဖွားသူတွေက အခြေအနေတစ်ခုပေါ်မှာ အကောင်းဘက်က သုံးသပ်တတ်ကြပါတယ်။

၂။ အိုင်ဒီယာကောင်းကြတယ်

ဒီလ မွေးဖွားသူတွေက အယူအဆကောင်းတွေ အိုင်ဒီယာကောင်းတွေရှိကြပါတယ်။ သူတို့ရဲ့ တီထွင်ဉာဏ်ကြောင့် အတွေးမြန်သူတွေလည်းဖြစ်ပါတယ်။


၃။ လိုချင်တာကိုမရရအောင် ယူတတ်ကြတယ်

သူတို့က အကောင်းဆုံးအရာတွေကို ရအောင် ယူတတ်ကြပါတယ်။ တကယ်လို့ မရခဲ့ဘူးဆိုရင်လည်း စိတ်ပျက်တတ်ကြပါတယ်။ ဒါကြောင့် ဇွန်လ မွေးသူတွေက ကိုယ်မျှော်မှန်းသလို မဖြစ်လာတဲ့အခါ ရလာတဲ့ ခံစားချက်ကို စီမံခန့်ခွဲတတ်ဖို့ သတိထားသင့်ပါတယ်။

၄။ ဆဌမအာရုံ အလိုလိုသိစိတ်ရှိကြတယ်

ဇွန်လမွေးဖွားသူတွေက တစ်ခုခု ဖြစ်လာတော့မယ်ဆိုရင် ဒီအရာကို ခန့်မှန်းနိုင်ကြပါတယ်။ သူတို့ စိတ်ထဲမှာ ကြိုသိနေတတ်ကြပါတယ်။


၅။ စိတ်အပြောင်းအလဲမြန်တယ်

ဇွန်လ မွေးသူတွေက စိတ်အပြောင်းအလဲ စိတ်အတက်အကျ မြန်ကြပါတယ်။ လူတွေနဲ့ ခင်မင်ရင်းနှီးရတာကို နှစ်သက်ပါတယ်။ သူငယ်ချင်း မိတ်ဆွေအသစ်လိုချင်ကြပါတယ်။

၆။ စွန့်စားရတာကို ကြိုက်တယ်

ဇွန်လမှာ မွေးသူတွေက အသစ်အသစ်တွေကို စမ်းသပ်ချင်ကြပြီး စွန့်စားရတာကို သဘောကျကြပါတယ်။


၇။ ဟာသဉာဏ်ရှိတယ်

ဇွန်လ မွေးသူတွေက ရယ်စရာပြောတတ်ကြပါတယ်။ သူတို့အနီးအနားမှာရှိသူတွေကိုပျော်အောင် ထားတတ်ကြပါတယ်။

ဒီအချက်တွေကတော့ ဇွန်လမွေးဖွားသူတို့ရဲ့ စိတ်ဝင်စားစရာအချက်တွေဖြစ်ပါတယ်။ ဒီတော့ ဇွန်လ မွေးသူတွေကို Mention ခေါ်ပြီး ဂုဏ်ပြုလိုက်ဦးနော်။

Photo Source: Pinterest

By MyStyle Myanmar