အမည်းစက်တွေက နှာခေါင်းအပြင် နှာခေါင်းဘေးဘက်တွေမှာလည်း ဖြစ်တတ်ပါသေးတယ်။ အမည်းစက်ဖြစ်ရခြင်း အကြောင်းကတော့ နှာခေါင်းက ထွက်လာတဲ့ မျက်နှာအဆီတွေ အသားအရေထဲ ပိတ်မိတာကြောင့်ပါ။ ထွက်လာပြီးနောက် ပြင်ပ လေနဲ့ ထိတဲ့အခါ မည်းသွားပါတော့တယ်။ အဆီပြန်တတ်သူ အများစုမှာ အမည်းစက်တွေ တွေ့ရများပါတယ်။

သင်က အမည်းစက်တွေကို ဖယ်ရှားချင်တယ်ဆိုရင်တော့ ပျားရည်ကို သုံးပြီး ဖယ်ရှားနိုင်ပါတယ်။ လွယ်ကူတာမို့ နည်းလမ်းကို ကြည့်လိုက်ကြမယ်နော်-

လိုအပ်တဲ့ ပစ္စည်းတွေကတော့-

ပျားရည်

ပျားရည်က အသားအရေကို စိုပြေစေပြီး ဘတ်တီးရီးယားတွေကို သေစေပါတယ်။ ဒါ့အပြင် အဓိက ရည်ရွယ်ချက် ဖြစ်တဲ့ အမည်းစက်တွေကိုလည်း လျော့ပါးစေပါတယ်။

ဆားနှစ်ဇွန်း

Photo Source: Dreamstime.com

ဆားက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အမည်းစက်ကိုပါ ဖယ်ရှားပေးပါတယ်။

သံပယိုရည် (တစ်ခြမ်း)

Photo Source: Pinterest

သံပယိုရည်က ချေးချွတ်ပေးတဲ့ အာနိသင်ရှိပြီး အသားအရေ အရောင်ကို ညီညာစေပါတယ်။ ဘတ်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ သံပယိုရည် အဆင်မပြေရင် သံပရာသီးကို သုံးနိုင်ပါတယ်။

အသုံးပြုပုံ

  • ဒီပါဝင်ပစ္စည်းသုံးမျိုးကို ရောပေးရပါမယ်။
  • ပြီးနောက် ဒီအရောကို ဘရပ်ရှ် သုံးပြီး ယူပေးရပါမယ်။
  • အမည်းစက် ဖြစ်နေတဲ့နေရာပေါ် လိမ်းပေးရပါမယ်။
  • လိမ်းပြီးနောက် ၁ မိနစ် ပွတ်ပေးရပါမယ်။
  • ပွတ်ပြီးနောက် ၅ မိနစ် ထားရပါမယ်။ ပြီးနောက် ရေဆေးချနိုင်ပါပြီ။

ဒီနည်းလမ်းကို တစ်ပတ်မှာ နှစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။

By MyStyle Myanmar