အမည်းစက်တွေက နှာခေါင်းအပြင် နှာခေါင်းဘေးဘက်တွေမှာလည်း ဖြစ်တတ်ပါသေးတယ်။ အမည်းစက်ဖြစ်ရခြင်း အကြောင်းကတော့ နှာခေါင်းက ထွက်လာတဲ့ မျက်နှာအဆီတွေ အသားအရေထဲ ပိတ်မိတာကြောင့်ပါ။ ထွက်လာပြီးနောက် ပြင်ပ လေနဲ့ ထိတဲ့အခါ မည်းသွားပါတော့တယ်။ အဆီပြန်တတ်သူ အများစုမှာ အမည်းစက်တွေ တွေ့ရများပါတယ်။
သင်က အမည်းစက်တွေကို ဖယ်ရှားချင်တယ်ဆိုရင်တော့ ပျားရည်ကို သုံးပြီး ဖယ်ရှားနိုင်ပါတယ်။ လွယ်ကူတာမို့ နည်းလမ်းကို ကြည့်လိုက်ကြမယ်နော်-
လိုအပ်တဲ့ ပစ္စည်းတွေကတော့-
ပျားရည်
ပျားရည်က အသားအရေကို စိုပြေစေပြီး ဘတ်တီးရီးယားတွေကို သေစေပါတယ်။ ဒါ့အပြင် အဓိက ရည်ရွယ်ချက် ဖြစ်တဲ့ အမည်းစက်တွေကိုလည်း လျော့ပါးစေပါတယ်။
ဆားနှစ်ဇွန်း
Photo Source: Dreamstime.com
ဆားက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အမည်းစက်ကိုပါ ဖယ်ရှားပေးပါတယ်။
သံပယိုရည် (တစ်ခြမ်း)
Photo Source: Pinterest
သံပယိုရည်က ချေးချွတ်ပေးတဲ့ အာနိသင်ရှိပြီး အသားအရေ အရောင်ကို ညီညာစေပါတယ်။ ဘတ်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ သံပယိုရည် အဆင်မပြေရင် သံပရာသီးကို သုံးနိုင်ပါတယ်။
အသုံးပြုပုံ
- ဒီပါဝင်ပစ္စည်းသုံးမျိုးကို ရောပေးရပါမယ်။
- ပြီးနောက် ဒီအရောကို ဘရပ်ရှ် သုံးပြီး ယူပေးရပါမယ်။
- အမည်းစက် ဖြစ်နေတဲ့နေရာပေါ် လိမ်းပေးရပါမယ်။
- လိမ်းပြီးနောက် ၁ မိနစ် ပွတ်ပေးရပါမယ်။
- ပွတ်ပြီးနောက် ၅ မိနစ် ထားရပါမယ်။ ပြီးနောက် ရေဆေးချနိုင်ပါပြီ။
ဒီနည်းလမ်းကို တစ်ပတ်မှာ နှစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။
By MyStyle Myanmar