မင်္ဂလာပါနော်။ မျက်နှာအသားအရေကို ဂရုစိုက်သလို သင့်ရဲ့ ခြေထောက်အသားအရေလေးကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ဒါမှ ဖိနပ်လှလှလေးစီးပြီး မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေစေမှာဖြစ်ပါတယ်နော်။
Source: www.banter.fun.com
ခြေထောက်က အလွယ်တကူ ညိုမည်းပျက်စီးလွယ်ပါတယ်။ နေလောင်ဒဏ်ကို မကြာခဏ ခံရတာမို့ သင့်ရဲ့ ခြေထောက်အသားအရေကို ညိုမည်းစေတာမဆန်းပါဘူး။ ဒါ့ကြောင့် သင့်ခြေထောက်အသားအရေကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။
၁။ သန့်ရှင်းပါ
Source: www.naturalescentials.com
အရင်ဆုံး သင့်ခြေထောက်ကို ရေနွေးလေးနဲ့ ၅ မိနစ်လောက်စိမ်လိုက်ပါ။ ပြီးရင် ခဲလုံးနဲ့ ကြေးသေချာလေးတွန်းပေးလိုက်ပါ။
၂။ သကြားနဲ့ Scrub လုပ်ပါ
Source: 78.media.tumblr.com
အပေါ်ကလို ခြေထောက်သန့်စင်ပေးပြီး မခြောက်ခင်မှာ သကြားကို ခြေထောက်အနှံ့ သေချာလိမ်းလိုက်ပြီး ပွတ်ပေးလိုက်ပါ။ သကြားအရည်ပျော်တဲ့အထိ ပွတ်ပေးလိုက်ပါ။ ပြီးရင် ရေဆေးချလိုက်ပါ။
၃။ ဒိန်ချဉ်
Source: www.steptohealth.com
အဲဒီနောက် ဒိန်ချဉ်ကို ခြေထောက်မှာ သေချာလိမ်းပေးလိုက်ပြီး ၅ မိနစ်လောက်ထားပါ။ အဲဒီနောက် ရေဆေးချပေးပါ။
၄။ Moisturizer လိမ်းပါ
Source: www.blog.footsmart.com
သင့်ရဲ့ ခြေထောက်အသားအရေကို စိုပြေစေဖို့ အပေါ်မှာ ဖော်ပြထားတဲ့ အတိုင်းလုပ်ပြီးရင် ခြေထောက်ကို ခြောက်အောင်သုတ်လိုက်ပါ။ အဲဒီနောက် Moisturizer လိမ်းပေးလိုက်ပါ။
အခုဖော်ပြခဲ့တဲ့ နည်းလမ်းကို တစ်ပတ် ၁ ကြိမ်လောက်လုပ်ပေးပါနော်။ ထိုနည်းတူ လက်လေးတွေကိုလည်း လုပ်ပေးလို့ရပါတယ်။