ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ အထာကျကျလေးနဲ့ မိုက်နေစေမယ့် instagram pose ideas တွေကို မျှဝေပေးလိုက်ပါတယ်။

ဒီ pose လေးဆိုရင် အရပ်ပိုရှည်သလိုလည်း ဖြစ်သွားစေပါတယ်။ အထာကျပြီးမိုက်တဲ့ look မျိုးလည်း ရစေပါတယ်။

ဒါကတော့ အခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာတဲ့ instagram pose လေးပဲဖြစ်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့မဆို လိုက်ဖက်နေမှာပါ။

ဒီ pose လေးကျတော့ သိပ်ပြီးရိုက်လေ့မရှိကြပါဘူး။ ဒါပေမယ့် instagram မှာတော့ ခေတ်စားပြီး အရမ်းလည်းမိုက်တဲ့ pose ဖြစ်ပါတယ်။

အိမ်မှာ ဖက်ရှင်အပြည့်အစုံဝတ်ပြီး ဒီလိုလေးသာ ပစ်လှဲပြီး ရိုက်ချလိုက်ပါ။ ပိုက်ဆံအိတ်ကို ရှေ့ချထားဖို့လည်း မမေ့ပါနဲ့။

တစ်ကိုယ်လုံးမရိုက်ချင်ဘူး၊ အနီးကပ်ပဲရိုက်ချင်တယ်ဆိုရင် ဒီလိုလေးသာ pose ပေးပါ။ ဒါလည်း ခေတ်စားနေတဲ့ instagram pose ပါပဲ။ မျက်မှန်လေးပါရင်တော့ ပိုပြီး perfect ဖြစ်နေမှာပါ။

ဒီ pose လေးဆိုရင် အရမ်းမိုက်ပြီး ဆွဲဆောင်မှုလည်းရှိတာကြောင့် ရိုက်ဖြစ်အောင်ရိုက်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

ကောင်းကင်ပါအောင်ရိုက်တာလည်း အရမ်းလှပါတယ်။ Instagram မှာဆိုရင်တော့ ဒီ pose လေးက အရမ်းပေါ်ပြူလာဖြစ်ပါတယ်။

ထိုင်ရိုက်ရင် ဒီလိုလေးတွေ pose ပေးပြီး ထိုင်ရိုက်ပါ။ Instagram girl လေးတွေရဲ့ အမြဲရိုက်နေကျ pose ပါပဲ။

ခုံမှာအထာကျကျလေး ထိုင်ရိုက်မယ်ဆိုရင်တော့ ဒီ pose လေးကိုသာ ရွေးချယ်ပါ။

လှေကားမှာရိုက်မယ်ဆိုရင် တစ်ကိုယ်လုံးမရိုက်ပဲ ဒါမျိုးလေးရိုက်ကြည့်ပါ။ အထာကျပြီး မိုက်လည်းမိုက်၊ လှလည်းလှပါတယ်။

ဒါလည်း instagram girl တွေ အရမ်းရိုက်ကြတဲ့ pose မျိုးပါ။ လက်ထဲမှာ အအေးဘူး၊ အရက်ပုလင်း စတာတွေကိုင်ထားရင် ဒီ pose လေးကိုသာ try ကြည့်လိုက်ပါ။

Photo source:www.pinterest.com