ကောင်မလေးတွေအတွက် နေ့တိုင်းပြင်ဆင်လို့အဆင်ပြေပြီး လှလည်းလှတဲ့ instagram makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။
အရင်ဆုံး ကိုယ်လိမ်းနေကျ အောက်ခံမိတ်ကပ် foundation ကို လိမ်းပါမယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာ လက်နဲ့လုံးဝမလိမ်းပါနဲ့။
မျက်နှာတစ်ခုလုံးမှာ အသက်ဖြစ်တဲ့ မျက်ခုံးမွှေးကို လှလှလေးဆွဲပါမယ်။ မျက်ခုံးမွှေးမဆွဲပြီးခင်မှာ brush နဲ့ အရင်ဖြီးပါ။ ပြီးမှ မျက်ခုံးမွှေးဆွဲပြီး နောက်ဆုံးမှာ eyebrow gel mascara နဲ့ ဖြီးပါမယ်။
Eyeshadow အညိုဖျော့လေးကိုသုံးပြီး နှာတံဖော်ပေးပါ။ ပါးရိုး၊ မေးရိုးကိုလည်း နည်းနည်းလေး contouring လုပ်ပါမယ်။
ပါးနီကို လိမ္မော်ရောင် ပါးပါးလေးပဲ ခြယ်ပါမယ်။
Eyeshadow အသားရောင်ကိုယူပြီး မျက်ခွံမှာခြယ်ပါမယ်။
Eyeshadow အညိုရောင်ကိုယူပြီး မျက်ခွံတစ်ဝက်လောက် ခြယ်ပါမယ်။ မျက်လုံးအောက်နားလေးပါ ခြယ်ပေးပါ။
အညို (သို့) ရွှေရောင် glitter eyeshadow ကို လက်ညှိုးလေးနဲ့ယူပြီး မျက်ခွံမှာ နည်းနည်းခြယ်ပေးပါ။
Eyeliner ကို ပုံမှာပြထားသလိုလေး ဆွဲပါမယ်။ ဒါမှ မျက်လုံးလေးထင်းပြီး ဆွဲဆောင်မှုရှိရှိနဲ့ လှနေမှာပါ။ Gel eyeliner ကိုသုံးတာက ပိုပြီးအဆင်ပြေပါတယ်။
မျက်လုံးအောက်နားနဲ့ မျက်ခွံမှာ gel glitter eyeshadow လေး နည်းနည်းခြယ်ပါမယ်။
Mascara နဲ့ မျက်တောင်ကော့ပါမယ်။ ဒီမှာတော့ mascara ကို အညိုလေးသုံးထားပါတယ်။
နှုတ်ခမ်းနီကိုတော့ အညိုနည်းနည်းဖောက်တဲ့ အရောင်လေးတွေ ဆိုးပါမယ်။ ဒါမှ ပြင်ထားတဲ့ makeup look နဲ့ match ဖြစ်နေမှာပါ။
Highlighter ကို ပါးရိုးနေရာ၊ နဖူးနဲ့ နှာတံနေရာလေးတွေမှာ ခြယ်ပါမယ်။ ဒါမှ glow ပြီး ပိုလှသွားမှာပါ။
ဒါဆိုရင်တော့ နေ့တိုင်းပြင်ဆင်လို့အဆင်ပြေပြီး အရမ်းလည်းလှတဲ့ instagram makeup look လေးကို ရရှိသွားပါပြီ။