တချို့မိန်းကလေးတွေရဲ့ Wall ထဲ ဝင်လိုက်တာနဲ့ သူတို့ရဲ့ ချစ်စရာကောင်းပြီး ကြည့်လို့ ကောင်းတဲ့ ဓာတ်ပုံတွေကဆွဲဆောင်ထားတတ်ပါတယ်။ ဓာတ်ပုံလှလှလေး တွေ အတင်များတဲ့ အခါ Follower က အလိုလို များလာတတ်ပါတယ်။ ဓာတ်ပုံလှလှလေး ရဖို့ ဖက်ရှင်ဝတ်ဆင်ပုံကလည်း အရေးပါ ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ပေါ့ပေါ့ပါးပါးဖြစ်ပြီး သင့်ကို ယုံကြည်မှုတက်စေမယ့် ဖက်ရှင်မျိုးကို ဦးစားပေးသင့်ပါတယ်။ သင့်အနေနဲ့ အရင်ထက်လှတဲ့ ပုံစံ၊ဓာတ်ပုံတွေကို လိုချင်တယ်ဆိုရင် ဓာတ်ပုံတင်လေ့ရှိတဲ့ မိန်းကလေးတွေရဲ့ ဝတ်ဆင်ပုံတွေကို လိုက်ကြည့်သင့်ပါတယ်။

ဒီတော့ Follower များတဲ့ IG က မိန်းမချောလေးတွေ ဘယ်လိုဝတ်လေ့ရှိလဲ နမူနာယူနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

ရှပ် လက်တိုနဲ့ ဘောင်းဘီရှည် ရိုးရိုးရှင်းရှင်းလေး

Flowery Dress / Skirt

အဖြူကိုမှ ဓာတ်ပုံထဲ ပိုပေါ်စေတဲ့ လက်ပွ အပါး

အရောင်လွင်လွင်လေးနဲ့ တောက်ပတဲ့ Sweatshirt ဖက်ရှင်

ပျိုမေတို့ကြား ရေပန်းစားနေတဲ့ Plaid Skirts ကိုလည်း IG Cele တွေ ရွေးချယ်တတ်ပါတယ်။

ပန်းရောင်လွင်လွင်လေးက နောက်ခံ Background တိုင်းလိုလိုနဲ့ လိုက်ဖက်တာကြောင့် IG က မိန်းကလေးတွေ ဝတ်တတ်ကြပါတယ်။

အင်္ကျီလက်ပြတ် Tank Top Crop နဲ့ ဘောင်းဘီအပွ

Crop Top နဲ့ ဘောင်းဘီအပွ

ကော်လံပါတဲ့ လက်ရှည် Shirt နဲ့အတူ Tennis Skirt ကို ဝတ်နိုင်သလို ဘောင်းဘီပါ တွဲဝတ်နိုင်ပါတယ်။

IG က မိန်းကလေးတွေကြား အတွေ့များတာကတော့ ဂါဝန်ကိုမှ အပြင်ထပ်နဲ့ တွဲဝတ်တာပါ။

Photo Source: Pinterest

By MyStyle Myanmar