ဓာတ်ပုံရိုက်ရတာကြိုက်တဲ့ လူငယ်ကောင်မလေးတွေအတွက် Insta Girl လေး Elina ရဲ့ ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တိုင်း ပို့စ်မထပ်ချင်ရင်တော့ ဒီပို့စ်လေးတွေကိုသာ အသုံးချကြည့်လိုက်ပါ။

ဂါဝန်လေးတွေဝတ်ပြီး မတ်တပ်ရပ်ရိုက်မယ်ဆိုရင် Elina ရဲ့ ဒီပို့စ်လေးကို ရိုက်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

Hoodie အပွတွေဝတ်ထားရင် ဒါမျိုးလေးရိုက်ကြည့်ပါ။ မျက်မှန်လေးရှိရင် Elina လိုမျိုး ခေါင်းပေါ်တင်ပြီးသာရိုက်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ပို့စ်သိပ်မလုပ်တတ်ရင် ဒီလိုလေးသာ ရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

ကမ်းခြေတွေသွားရင် ကျောက်ဆောင်ပေါ် ဒီလိုလေးထိုင်ရိုက်တာက ကိုရီးယားမလေးတွေ ရိုက်နေကျပုံစံလေးပါ။ သူများထက်ဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။

အပြင်မှာရှုခင်းလှတဲ့အချိန်ရိုက်ရင် Elina ရဲ့ ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။ Portrait ဆို ပိုလှမှာပါ။

မျက်မှန်ပါရင် ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။ ဖက်ရှင်ကျပြီးမိုက်သလို လှလည်းလှပါတယ်။

ဆံပင်စည်းနေတဲ့ပုံလေးတွေ၊ ဆံပင်ကိုင်ထားတဲ့ပုံလေးတွေက မိန်းကလေးတိုင်းနဲ့ အရမ်းလိုက်တဲ့ ပို့စ်မျိုးပါ။ Elina ရဲ့ ဒီပို့စ်လေးဆိုလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။

ကမ်းခြေသွားရင် ဒီပို့စ်လေးလည်း မဖြစ်မနေရိုက်ခဲ့ပါ။ Snap ဆန်ပြီး လှပါတယ်။

ကမ်းခြေမှာ beach fashion တွေနဲ့ရိုက်ရတာ ရိုးလာရင် Elina လိုမျိုးလေးဝတ်ပြီး ရိုက်ကြည့်ပါ။ သူများထက်ဆန်းပြီး လှပါတယ်။

Mart တွေသွားရင် ဒါမျိုးလေးလည်း ရိုက်လို့ရပါသေးတယ်။

ထိုင်ရိုက်ပြီဆိုရင် ထိုင်နေတဲ့ပုံစံက အသက်ပါပဲ။ ဒါကြောင့် လှလှပပလေးထိုင်ပြီး ပို့စ်ပေးတတ်ဖို့လိုပါတယ်။ အပြင်မှာထိုင်ရိုက်မယ်ဆိုရင်တော့ Elina လိုမျိုး မျက်လုံးလေးမှိတ်ထားပြီး ပို့စ်ပေးပါ။ ပိုပြီးလှပါတယ်။ အတွင်းဘက်မှာရိုက်မယ်ဆိုရင်တော့ ကင်မရာကိုသာ ကြည့်ပြီးပြုံးနေလိုက်ပါ။