လူငယ်ကောင်မလေးတွေအကြိုက် Insta Girl Dasha Taran ရဲ့ ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ဖို့ ပို့စ်တွေစဉ်းစားနေစရာမလိုအောင် ဒီလိုပို့စ်အိုင်ဒီယာလေးတွေကိုသာ သိမ်းထားလိုက်ပါ။

ထိုင်ပြီးဓာတ်ပုံရိုက်တဲ့အခါမှာတော့ ဒီပို့စ်လေးက အလွယ်ကူဆုံးဖြစ်ပြီး ရိုးရိုးလေးနဲ့ လှစေပါတယ်။

ဒီပို့စ်လေးဆိုရင် ချစ်ဖို့ကောင်းတာကြောင့် လူငယ်ကောင်မလေးတွေနဲ့ အရမ်းကိုလိုက်ဖက်ပါတယ်။

ထိုင်ပြီးရိုက်တဲ့အခါ ဒီလိုစတိုင်လ်လေးနဲ့ ပို့စ်ပေးတာကလည်း အထာကျပြီး မိုက်ပါတယ်။ ရိုက်ပေးတဲ့သူက အပေါ်ကနေ ရိုက်ပေးပါ။

မြက်ခင်းမှာ ထိုင်ပြီးရိုက်နေရတာ ရိုးလာရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ တစ်မျိုးဆန်းပြီး မိုက်ပါတယ်။

လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်ပြီး မိုက်လည်းမိုက်၊ ချစ်ဖို့လည်းကောင်းနေစေမယ့် ပို့စ်လေးပါပဲ။

လှေကားတွေမှာရိုက်တဲ့အခါ ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ မြင်နေကျပုံစံတွေနဲ့မတူပဲ ချစ်ဖို့ကောင်းပါတယ်။

ပို့စ်တွေထွေထွေထူးထူး သိပ်မလုပ်လည်း ဒီလိုလေးသာ ပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းနေမှာပါပဲ။

လှေကားမှာထိုင်ရိုက်တဲ့အခါ ဆွဲဆောင်မှုရှိပြီး မိုက်နေစေမယ့် ပို့စ်မျိုး၊ မျက်နှာထားမျိုး ဖြစ်ပါတယ်။ အဓိကကတော့ မျက်နှာထားက အသက်ပါပဲ။

Portrait ရိုက်တဲ့အခါ မိန်းကလေးဆန်ဆန်လေး ဝတ်စားထားရင် ဒီလိုလှည့်ကြည့်နေတဲ့ပို့စ်လေး လုပ်ကြည့်ပါ။

လက်ထဲမှာ အအေးဘူး (သို့) ကော်ဖီခွက်ကိုင်ထားရင် ဒီလိုလေး ပို့စ်ပေးရိုက်ကြည့်ပါ။ ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်ပေါ်မူတည်ပြီး look က ပြောင်းလဲသွားမှာပါ။