နေကြာပန်းပုံစံ Tattoo က လှရုံသာမကဘဲ သင်္ကေတ အဓိပ္ပာယ်လည်းရှိတာကြောင့် အသက်အရွယ်မရွေး မိန်းကလေးတွေကြားမှာ ရေပန်းစားတဲ့ဒီဇိုင်းပါ။ ဒါကြောင့် နေကြာပန်းကို သဘောကျတဲ့ ကောင်မလေးတွေအတွက် Inspire ယူနိုင်ဖို့ နေကြာပန်းပုံစံ Tattoo Design လေးတွေ ဝေမျှပေးလိုက်ပါတယ်။

နေကြာတက်တူးတွေရဲ့ နောက်ကွယ်က အဓိပ္ပါယ်က တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တချို့က သူတို့ရဲ့ဘဝထဲ အလင်းရောင်နဲ့ ပျော်ရွှင်မှုကို ယူဆောင်လာပေးတဲ့ ချစ်ရသူကို ကိုယ်စားပြုဖို့ ရွေးသလို တချို့ကလည်း စိန်ခေါ်မှုတွေအတွက် အကောင်းမြင်စိတ်ရှိနေဖို့ သတိပေးချက်အဖြစ် ရွေးချယ်တတ်ကြပါတယ်။

နေကြာပန်းက ပျော်ရွှင်မှု၊ အကောင်းမြင်မှု၊ စွမ်းအင်တို့နဲ့ ဆက်စပ်နေပြီး သစ္စာစောင့်သိမှု၊ အသက်ရှည်မှုနဲ့ မြတ်နိုးမှုကို ကိုယ်စားပြုတယ်လို့ တော်တော်များများက ယုံကြည်ကြပါတယ်။

နေကြာပန်းက စွယ်စုံရတာမလို့ တတ်တူးထိုးတဲ့အခါ မတူတဲ့စတိုင်အမျိုးမျိုးနဲ့ ကိုယ်ကြိုက်သလို ထိုးလို့ရပါတယ်။

ပန်းချည်းသက်သက်မဟုတ်ဘဲ ငှက်၊ ပျား၊ လိပ်ပြာ စတဲ့ အကောင်လေးတွေနဲ့လည်း ရောပြီးထိုးလို့ရပါသေးတယ်။

ဆိုဒ်အကြီး အသေး စိတ်ကြိုက်ရွေးပြီးထိုးလို့ရသလို Body တစ်ခုလုံးမှာ နေရာမရွေး စိတ်ကြိုက်ထိုးလို့ရပါတယ်။