သင့်ခွန်အား၊ ကြိုးစားချင်စိတ်ကို ပညာပေး ဇာတ်လမ်းကောင်းတွေကလည်း မြှင့်တင်ပေးတတ်ပါတယ်​​။ ဒီတစ်ခေါက်တော့ ပျိုမေတို့ အတွက် ကြိုးစားချင်စိတ် ဖြစ်စေမယ့်၊ လူအများကို ဦးဆောင်နိုင်မယ့်၊ ထက်မြက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့ အမျိုးသမီးတွေ ဖြစ်စေဖို့ ကူညီပေးမယ့် ဇာတ်လမ်းတွေကို ဖော်ပြပါရစေ။ ဒီဇာတ်လမ်းအားလုံးက Netflix မှာ ရှိတာကြောင့် ပျိုမေတို့ အတွက် ရှာရလွယ်ကူမှာပါ။

၁။ Hidden Figures

အာဖရိကန်- အမေရိကန် အမျိုးသမီးသုံးဦးဟာ သင်္ချာပညာရှင်တွေ ဖြစ်ပါတယ်။ ဒီထက်မြက်တဲ့ အမျိုးသမီးတွေက အာကာသ လွှင့်တင်မှုမှာ အရေးပါတဲ့ နေရာက လုပ်ကိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်မှာ သူတို့ဟာ ကျားမ ခွဲခြားမှု၊ လူမျိုးရေး ခွဲခြားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

၂။ The Bold Type

Jane, Kat နဲ့ Sutton ဆိုတဲ့အမျိုးသမီးသုံးဦးက အမျိုးသမီး မဂ္ဂဇင်းတိုက် တစ်ခုမှာ အလုပ်လုပ်သူတွေ ဖြစ်ပါတယ်။ ဒီသုံးဦးက လုပ်ငန်း၊ အချစ်ရေး၊ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ စတဲ့ အရာတွေကြား ဘယ်လို လုံးထွေးကာ ဖြေရှင်းကြမလဲ ကြည့်ရှူရမှာပါ။

၃။ Girlboss

စွန့်ဦးစီးပွားရေးလုပ်ငန်းရှင် Sophia Amoruso ရဲ့ တကယ့် ဖြစ်ရပ်မှန် စာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Sophia ဆိုတဲ့ ကောင်မလေးက ဂျစ်ကန်ကန် လိုက်မလုပ် နားမထောင်တဲ့ သူတစ်ဦးဖြစ်ပါတယ်။ သူမက ကိုယ်ယုံကြည်ရာကို လုပ်ရဲတဲ့ Girl Boss တစ်ဦးပါပဲ။ Sophia က “Nasty Gal”ဆိုတဲ့ Vintage အဝတ်အစားရောင်းချခြင်းလုပ်ငန်းကို စတင်ခဲ့သူတစ်ဦးဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ချင်တဲ့ ပျိုမေတို့ ကြည့်သင့်ပါတယ်။

၄။ Emily in Paris

အမေရိကန်ကနေ ပြင်သစ်ရောက် Emily တစ်ယောက်က ဇာတ်လမ်းအစမှာ ဘာသာစကား အခက်အခဲနဲ့ အတူ အမျိုးမျိုး ကြုံခဲ့ရပါတယ်။ သူမက အချစ်ရေးနဲ့ ပတ်သက်ပြီးဘယ်လောက်ပဲ မဆုံးဖြတ်တတ်သူ ဖြစ်ပါစေ သူမရဲ့ အလုပ်ကိုတော့ အထက်ဆုံး၊ အကောင်းဆုံး ဖြစ်အောင် ကြိုးစားတတ်သူပါ။ Emily ဆီက ဒါတွေကို အတုယူနိုင်ပါတယ်။

၅။ Moxie

ပြောရခက်တဲ့ ဂျစ်ကန်ကန် မိခင်နဲ့အတူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ သူငယ်ချင်းတွေဆီကနေ ရှက်တတ်တဲ့ လူငယ်မိန်းကလေးက ဒါတွေကို အတုယူနိုင်ခဲ့ပါတယ်။

၆။ Self Made

အာဖရိကန် အမေရိကန် အမျိုးသမီးတွေထဲက
ပထမဆုံး သန်းကြွယ်သူဌေး ဖြစ်လာတဲ့ Madam C.J. Walker အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။

၇။ Tall Girl

မိန်းကလေးတစ်ဦးအနေနဲ့ ပုံမှန်မဟုတ်တဲ့ ရှည်လျားတဲ့ အရပ်ကြောင့် အတန်းဖော်တွေရဲ့ လှောင်ပြောင်တာကို ခံခဲ့ရတဲ့ လူငယ်ကောင်မလေး Jodi အကြောင်းကို ရိုက်ကူးထားတာပါ။ သူမက သင့်ကို ဇာတ်လမ်းအဆုံးမှာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာအောင် သင်ပေးပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar