Detox ဖျော်ရည်များက သင့်ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များနှင့် အဆီပိုများကို ဖယ်ရှားပေးပြီး ကိုယ်အလေးချိန်ကျစေတဲ့အပြင် စွမ်းအင် ပြည့်ဝစေပါတယ်။ ဒါပေမဲ့ အရသာရှိတဲ့ Detox ဖျော်ရည် ရရှိဖို့ရန်အတွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အများအပြားလိုအပ်ပြီး ပြင်ဆင်ရတာလည်း ခက်ခဲပါတယ်။

သင့်အနေနဲ့ တကူးတကကြီး ပြင်ဆင်ဖို့အချိန်မရဘူး။ ဝမ်းဗိုက်ကအဆီပိုတွေကိုလည်း ဖယ်ရှားချင်တယ်ဆိုရင်တော့ လွယ်ကူတဲ့နည်းလမ်းကောင်းအချို့ဖော်ပြပေးချင်ပါတယ်။ အခုဖော်ပြပေးမယ့်အရာများကို သင် သောက်မယ့်ရေထဲ ထည့်သောက်ပေးလိုက်ရုံဖြင့် ဝမ်းဗိုက်က အဆီပိုတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။

ကြက်သွန်ဖြူ ထည့်သောက်ပါ

ကြက်သွန်ဖြူ ၂ မြွှာခန့်ကို အခွံခွာပြီး ပါးပါးလှီးပါ။ ထို့နောက် ၁၀ မိနစ်ခန့်စောင့်ပြီးနောက် ၅၀၀ မီလီလီတာရှိသော ရေထဲသို့ထည့်ပါ။ ၂ နာရီခန့် စိမ်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ သောက်လို့ရပါပြီ။ ထိုဖျော်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် မကြာခဏ နေမကောင်းဖြစ်ခြင်းမှ ကာကွယ်ပေးတဲ့အပြင်၊ သွေးပေါင်ချိန်ကိုလည်း လျော့ကျစေပါတယ်။ ဒါ့အပြင် ကိုလက်စတောများကိုလည်း လျော့ကျစေပြီး ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးပါတယ်။

ပန်းသီး ထည့်သောက်ပါ

ပန်းသီး ၂ လုံးကို ပါးပါးလှီးပြီးနောက် ရေကရားထဲသို့ ထည့်ပါ။ သစ်ကြမ်းပိုးခေါက် ၂ ချောင်းပါ ထည့်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် ၂ နာရီခန့် ထည့်ထားလိုက်ပါ။ ထိုဖျော်ရည်သည် ကိုလက်စတောများကို လျော့ကျစေပြီး ဝိတ်ကျစေတဲ့အပြင် ဆီးချိုရောဂါမှလည်း ကာကွယ်ပေးပါတယ်။

သခွားသီးရေခဲတုံး ထည့်သောက်ပါ

သခွားသီး အကြီးတစ်လုံးကို လေးတုံးအတုံးငယ်များ တုံးလိုက်ပါ။ ထို့နောက် ထိုသခွားသီးတုံးများကို ရေခဲသေတ္တာထဲထည့်ကာ ခဲသွားအောင် အအေးခံထားလိုက်ပါ။ ရရှိလာတဲ့ သခွားသီးရေခဲတုံးကို ရေသောက်တဲ့အခါ ရေထဲ ထည့်သောက်လိုက်ပါ။ အရသာပိုရှိချင်တယ်ဆိုရင်တော့ သံပုယိုသီး (သို့) ပင်စိမ်းရွက်အနည်းငယ် ထည့်ပေးနိုင်ပါတယ်။

Source: Brightside.me