ဒီရက်ပိုင်းအတွင်း အိမ်မှာပဲနေဖြစ်လို့ ငြီးငွေ့နေကြပြီလား။ သင်က လက်ရှိတစ်ယောက်တည်းမဟုတ်ဘဲ ချစ်ရသူနဲ့ တစ်အိမ်တည်းအတူရှိတယ်ဆိုရင် သင်ကံကောင်းပါတယ်။ သင်ချစ်ရသူနဲ့အတူ ဒီလိုနည်းလမ်းတွေနဲ့ အိမ်ထဲမှာပဲ ဒိတ်လုပ်နိုင်ပါတယ်။

၁။ ဟင်းတူတူချက်ပါ

မိန်းကလေးဖြစ်တဲ့ သင်တစ်ယောက်တည််းပဲ အချက်အပြုတ်ပိုင်းကို တာဝန်မယူဘဲ သင့်ကောင်လေးနဲ့ ဟင်းတူတူချက်ပါ။ အတူတူဟင်းချက်တာက တစ်ယောက်အပေါ်တစ်ယောက် အချစ်တိုးစေပြီး ရလာတဲ့ ဟင်းအရသာကို မြည်းစမ်းရတာက ပျော်ဖို့ကောင်းပါတယ်။

၂။ အနုပညာနဲ့ပတ်သက်တဲ့ အရာတစ်ခုခုလုပ်ပါ

သင်တို့နှစ်ယောက်လုံးက တီထွင်နိုင်တဲ့ ဝါသနာထုံတယ်ဆိုရင်တော့ဒါက အိုင်ဒီယာကောင်းပါပဲ။ နှစ်ယောက်ပူးပေါင်းပြီး ပန်းချီဆွဲတာ၊ ဒါမှမဟုတ် DIY ပစ္စည်းတစ်ခုခု လုပ်ပါ။ တစ်ယောက်နဲ့ တစ်ယောက် တီထွင်တဲ့ ပစ္စည်းချင်းပြိုင်လို့ရပါသေးတယ်။ Social Media ပေါ်တင်ပြီး ဘယ်သူ့လက်ရာ ပိုသာလဲ တခြားသူတွေကို Vote ပေးခိုင်းလို့ရပါသေးတယ်။

၃။ အတူတူလေ့ကျင့်ခန််းလုပ်ပါ

YouTube ပေါ်က လေ့ကျင့်ခန်းတွေကို ကြည့်ပြီး အတူတူလုပ်ပါ။

၄။ ရုပ်ရှင်ကြည့်ပါ

နှစ်ယောက်အတူတူ မုန့်စားရင်း ရုပ်ရှင်ကြည့်ပါ။ သရဲကားလည်း ကြည့်နိုင်ပါသေးတယ်။

၅။ သီချင်းတစ်ပုဒ်တည်းကို အတူတူနားထောင်ပါ

သင်တို့နှစ်ယောက်ကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို အချင်းချင်း မျှဝေပါ။ သင်ကြိုက်တဲ့သီချင်းကို သူ့ကို နားထောင်ခိုင်းပြီး ဘာလို့ ကြိုက်လဲ အကြောင်းရင်းကို ပြောပြပါ။ သူ့ကိုလည်း အဲ့လိုပဲ လုပ်ခိုင်းပါ။

၆။ ဂိမ်းတူတူဆော့ပါ

UNO, မိုနိုပိုလီ စတဲ့ ဂိမ်းတွေကို အိမ်မှာ သင့်ချစ်သူနဲ့ အတူတူဆော့နိုင်ပါတယ်။

ဒီအချက်တွေထဲက ဘယ်နှစ်ချက်ကို သင့်ချစ်သူနဲ့ အတူလုပ်ပြီးပြီလဲ ပြောခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar