ဒီကနေ့ခေတ်မှာ အလှကုန်ပစ္စည်းတွေဟာ အရွယ်ရောက်ပြီးသား အမျိုးသမီးတိုင်းရဲ့ဘဝမှာ အဓိက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလိုတောင် ဆိုနိုင်ပါတယ်။ ပြောင်းလဲနေတဲ့ခေတ်ရေစီးကြောင်းတွေအရ သူ့ထက်ငါ့ အသားအရေကြည်လင်လှပနေစေဖို့က တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်တွေလို ဖြစ်လာကြတာကို တွေ့ရှိရပါတယ်။

ဒါ့ကြောင့် နေရောင်ခြည်တွေကြောင့်ပဲ့ဖြစ်ဖြစ် ဓါတုပစ္စည်းတွေကြောင့်ပဲ့ဖြစ်ဖြစ် အသားအရေက ပိုပြီးထိရှပျက်စီးစေနိုင်တဲ့အတွက် သင့်အသားအရေလေး ကြည်တောက်ရှင်းပြီး စိုဝင်းဝင်းလေးဖြစ်နေစေဖို့ ရှေးယခင်ကတည်းက အိန္ဒိယအမျိုးသမီးတွေအသုံးပြုခဲ့ကြတဲ့ Beauty Secretsတချို့ကို မျှဝေပေးလိုက်ပါတယ်နော်..

ပျားရည်

ပျားရည်ဟာ ရှေးယခင်ကတည်းက အလှပအတွက် အသုံးပြုလာခဲ့တဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။ အသားအရေကို စိုပြေစေတဲ့ ဂုဏ်သတ္တတွေကြောင့်လည်း ပျိုမေတို့ကြားမှာ လူသိများပါတယ်။ အသားအရေကို သန့်စင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေလည်းပါဝင်ပြီး အသားအရေကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အသားရေကို ပြစ်မျိုးမှဲ့မထင် အလှပိုင်ရှင်လေးဖြစ်လာစေမှာပါ။

ပျားရည်နဲ့ မျက်နှာကို ၂ ရက်ခြားတစ်ခါလောက် ပေါင်းတင်ပေးမယ်ဆိုရင် အသားအရေ ကြည်လင်လှပလာစေမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ကို ပုံမှန်လေး လိမ်းပေးရင် အသားအရေကို ကြည်လင်စိုပြေစေပါတယ်။ အရေပြားယားယံခြင်းကိုလည်း သက်သာစေပြီး အသားအရေကို ညီညာစေပါတယ်။ နေလောင်ထားတဲ့ အသားအရေကိုလည်း ပြန်လည်ကောင်းမွန်စေမှာဖြစ်ပါတယ်။

နနွင်း

နနွင်းဟာ အသားအရေ မညီမညာဖြစ်တာကို သက်သာစေပါတယ်။ နနွင်းကို နို့၊ ပျားရည်တို့နဲ့ရောပြီး မျက်နှာကို လိမ်းပေးနိုင်သလို နနွင်းကြီးသက်သက်လည်း မျက်နှာပေါ်မှာလိမ်းပေးနိုင်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ ဒီလိုပုံမှန်လုပပေးရင်တော့ အမာရွတ်တွေ အကြောပြတ်တာတွေကိုလည်း လျှော့ချပေးနိုင်သလို ထိခိုက်ရှနာတဲ့ ဒဏ်ရာတွေကိုလည်း သက်သာစေပါတယ်။