အခုဝေမျှပေးချင်တာကတော့ ရင်သားသေးလို့ စိတ်ညစ်နေတဲ့ ပျိုမဒီတွေအတွက်ပါ။ ရင်သားအရွယ်အစားကြီးလာဖို့က ခွဲစိတ်မှ မဟုတ်ပါဘူး။ ခွဲစိတ်စရာမလိုဘဲ ရင်သားကြီးစေမယ့် သဘာဝနည်းလမ်းတွေလည်း ရှိပါသေးတယ်။

အစားအသောက်

ရင်သားရဲ့ အရွယ်အစားက Estrogen နဲ့ Progesterone တို့လို ဟော်မုန်းတွေ ကြီးထွားလာမှုပေါ် မူတည်ပါတယ်။ ဒါကြောင့် Estrogen ကြွယ်ဝတဲ့ စားအစားများနဲ့ ခန္ဓာကိုယ်ရဲ့ Progesterone ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်တဲ့ အစားအစာများကို ရွေးစားပါ။

Supplements

ရင်သားရဲ့တစ်သျှူးတွေကို သဘာဝအတိုင်း လှုံ့ဆော်ပေးနိုင်တဲ့ ဟော်မုန်းတွေတိုးလာဖို့အတွက် ဂျင်ဆင်း၊ Black cohosh၊ Dong Quai နဲ့ စမုန်နက်စေ့တို့လို သဘာဝပါဝင်ပစ္စည်းတွေပါတဲ့ Supplements တွေကို သောက်ပေးပါ။

Massage

ရင်သားကြီးလာစေဖို့ နောက်ထပ် သဘာဝနည်းလမ်းတစ်ခုက ရင်သားကို ခရင်မ်၊ ဆီ ၊ ဂျယ်တို့လိမ်းပြီး နှိပ်တာပါ။ လက်ချောင်းလေးတွေကို ရင်သားပတ်လည်မှာထားပြီး နာရီစက်ဝိုင်းပုံစံလှည့်ပြီး နှိပ်ပေးပါ။ နှိပ်တဲ့အခါ တစ်နေ့ကို အနည်းဆုံး ငါးမိနစ်လောက် နှိပ်နယ်ပေးပါ။

Exercise

လည်ပင်း၊ နောက်ကျောနဲ့ ပခုံးကြွက်သားတွေအတွက်ဆော့တဲ့ လေ့ကျင့်ခန်းတွေက ရင်ဘတ်ကြွက်သားတွေကို တင်းမာစေတာကြောင့် Wall press ၊ Folded hand raise ၊ Arm circles ၊ Push up စတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။