အသားအရေခြောက်သွေ့နေတာက အလှအပအတွက်လည်း လုံးဝအဆင်မပြေစေပါဘူး။ မျက်နှာအသားအရေခြောက်သွေ့နေရင်လည်း မိတ်ကပ်လိမ်းရတာအဆင်မပြေတော့ပဲ သပ်ရပ်တဲ့မိတ်ကပ်ပုံစံမျိုးကို မရရှိနိုင်ပါဘူး။ အသားအရေလေးက စိုပြေပြီးလှပနေမှ ဆွဲဆောင်မှုရှိရှိလေးနဲ့လှပနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် ခြောက်သွေ့တဲ့အသားအရေကို ပိုင်ဆိုင်ထားရပြီဆိုရင် ပြန်လည်စိုပြေလာစေဖို့ လုပ်ပေးလို့ရတဲ့ထိရောက်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo Source: Pexels

အသားအရေကို စိုပြေပြီးချောမွေ့လာစေချင်တယ်ဆိုရင်တော့ မုန့်ဖုတ်ဆိုဒါနဲ့ အုန်းဆီကိုအသုံးပြုပြီး ပြင်ဆင်လို့ရပါတယ်။ မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်း ၂ ဇွန်းကို အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ရောပြီး ခရင်မ်လိုမျိုးတွေဖြစ်လာပြီဆိုရင် လည်ပင်းနဲ့ မျက်နှာပေါ်မှာလိမ်းပေးလို့ရပါတယ်။ မျက်နှာပေါ်မှာလိမ်းမယ်ဆိုရင်တော့ မျက်တောင်တွေနဲ့၊ မျက်လုံးတစ်ဝိုက်ကို ချန်ပြီးလိမ်းပေးဖို့လိုပါတယ်။

Photo Source: Pexels

လက်တွေမှာလည်း လိမ်းထားပေးလို့ရပါတယ်။ လက်တွေမှာ သေချာလိမ်းထားပြီး အချိန် မိနစ် ၂၀ ပြည့်မှရေသေချာဆေးပေးလိုက်မယ်ဆိုရင် နေလောင်ခံထားရတာတွေကို လျော့နည်းသွားပြီး အသားအရေကိုလည်း ကြည်လင်ချောမွေ့လာစေမှာပါ။

Photo Source: Pinterest

မျက်နှာမှာ လိမ်းထားပေးတဲ့အချိန်မှာလည်း ညင်ညင်သာသာလေး နှိပ်နယ်ပေးမှာ အသားထဲကိုသေချာစိမ့်ဝင်ပြီး အကျိုးရလဒ်ပိုထိရောက်မှာပေါ့။ နှာခေါင်းတစ်ဝိုက်မှာ လိမ်းထားပေးရင်လည်း သင့်ကိုရုပ်ဆိုးစေတဲ့ အမည်းစက်တွေကိုပါ လျော့နည်းသွားအောင် ပြုပြင်ပေးနိုင်ပါတယ်နော်။

Photo Source: Pinterest

မျက်နှာပေါ်မှာရှိနေတဲ့ ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် အသားအရေပျက်စီးနေတာတွေလည်း လျော့နည်းသွားပြီး ကြည်လင်ပြီးစိုပြေတဲ့ အသားအရေမျိုးကို ရရှိပိုင်ဆိုင်လာမှာပဲဖြစ်ပါတယ်။ တစ်ပတ်ကိုတစ်ခါလောက် ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် မြင်တဲ့သူတိုင်းအားကျရလောက်တဲ့ အသားအရေမျိုးကို ပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။