လူများစုကတော့ အသက်သုံးဆယ်ကျော်တာနဲ့ ဆံပင်အဖြူစပေါက်ကြပါတယ်။ တစ်ချို့လူငယ်တွေမှာလည်း မျိုးရိုးဗီဇကြောင့်၊ ဟော်မုန်းကြောင့် ဆံပင်ဖြူတွေ ပေါက်ကြပါတယ်။ မိမိအလှကိုဖျက်နေတဲ့ ဆံပင်ဖြူတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဆံပင်ဆေးဆိုးလိုက်တာပါပဲ။

ဒါပေမဲ့ ဆံပင်ဆေးဆိုးလိုက်လည်း ရက်သတ္တပတ်အနည်းငယ်ကြာတာနဲ့ အမြစ်ကနေ ဆံပင်အဖြူတွေ ထပ်ထွက်လာပါသေးတယ်။

ဆံပင်ခဏခဏဆေးဆိုးတာကလည်း ဆံကေသာကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့် ဘယ်လိုနည်းလမ်းလေးတွေသုံးပြီး ဆံပင်ဖြူတွေကို ဖုံးကွယ်ထားကြမလဲ။

ဆံပင်ခွဲကြောင်းပြောင်းပါ

ဘေးခွဲတဲ့သူက အလယ်ခွဲတာတို့၊ ပိုပြီး စတိုင်မိုက်ချင်တယ်ဆိုရင်တော့ Zig-Zag ပုံစံခွဲတာတို့ ပြုလုပ်ပေးပါ။ ပြီးရင် ဆံပင်ဖြန်းတဲ့ စပရေး၊ ဂျယ် စတာတွေသုံးပြီး ဆံပင်စတိုင်ပုံစံကျနေအောင် ပြုလုပ်ပါ။

ကျစ်ဆံမြီးကျစ်ပါ

ရိုးရိုးကျစ်ဆံမြီးလေးကျစ်ပြီး ချထားရင်တော့ ဆံပင်အဖြူတွေကိုဖုံးလို့မရပါဘူး။ ကျစ်ဆံမြီးကျစ်ပြီး အဝိုင်းပုံစံပတ်ရစ်ထားလိုက်ပါ။

အသုံးအဆောင်ပစ္စည်းများ အသုံးပြုပါ

သင်က ဆံပင်တိုတဲ့သူပဲဖြစ်ဖြစ် ရှည်တဲ့သူပဲဖြစ်ဖြစ် ခေါင်းစည်းကြိုးအမျိုးမျိုး၊ ဘီးကုတ်၊  ကလစ် စတာတွေပန်ပြီး ဆံပင်အဖြူကို ဖုံးဖိလိုက်ပါ။ ဦးထုပ်ဆောင်းပြီးလည်း ဆံပင်ဖြူတွေ ဖုံးထားနိုင်ပါသေးတယ်။

ဆံပင်အုံထူထူလေးဖြစ်အောင် ပြုလုပ်ပါ

ဆံပင်ကောက်ပြီး ဆံပင်အုံထူတဲ့ပုံပေါက်အောင် ပြုလုပ်လိုက်ပါ။ ဒီနည်းကလည်း ဆံပင်ဖြူတွေကို ဖုံးကွယ်နိုင်တဲ့နည်းလမ်းတစ်ခုပါပဲ။

ဆိုးဆေးစပရေးအသုံးပြုပါ

ဒီနည်းလမ်းကတော့ အချိန်လုနေရတဲ့သူတွေအတွက် စပရေးလေးဖြန်းလိုက်တာနဲ့ ရက်အတော်ကြာ ဆံပင်အရောင်တောက်တေက်လေးဖြစ်နေအောင် ကူညီပေးပါတယ်။

ဆံပင်အဖြူတွေပေါက်တဲ့အခါ ဘာတွေကို ရှောင်ကြဉ်ရမလဲ

ဆံပင်ဖြူတွေကို မနုတ်ပါနဲ့။ ရှေးလူကြီးတွေပြောတာကတော့ ဆံပင်ဖြူတွေက နုတ်ရင် ပွားလာတယ်လို့ပြောကြပါတယ်။ ဒါ့အပြင် ဆံပင်အဖြူနုတ်လိုက်ခြင်းက ဦးရေပြားကိုလည်း ထိခိုက်ပျက်စီးစေပါသေးတယ်။ နုတ်ပါများလာရင် ဆံပင်ထပ်မပေါက်တော့ဘဲ အကွက်လိုက်ကြီးဖြစ်သွားပြီး ထိပ်ပြောင်သွားပါလိမ့်မယ်။ စိတ်ဖိစီးမှုများရင်လည်း ဆံပင်အဖြူပေါက်တယ်လို့ အချို့လူတွေယုံကြည်ကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အဲ့ဒီအချက်ကို သက်သေမပြရသေးပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် အသေးအဖွဲကိစ္စလေးတွေကအစ လိုက်ပူပန်တတ်တာတွေကို ရှောင်ကြဉ်တာက အကောင်းဆုံးပါပဲ။

Source: Brightside.me