လူတစ်ယောက်နဲ့တစ်ယောက် အချစ်ချင်းတူ မေတ္တာချင်းထပ်တူ ချစ်မိကြ၊ လက်တွဲကြဖို့ဆိုတာမလွယ်ပါဘူး။ တခါတလေ လောကကြီးမှာ ထပ်တူမကျတဲ့အရာတွေအများကြီးပါ။

ဒါ့ကြောင့် စာဖတ်သူတို့မှာ လက်တွဲရမယ့်ချစ်သူရှိတယ်ဆိုရင်တော့ အရင်ဆုံး Congratulation ပါလို့ ပြောပါရစေနော်။

၁။ ရိုးသားပါ

ချစ်သူအပေါ် ရိုးသားမှုရှိပါစေ။ တစ်ယောက်နဲ့တစ်ယောက် ရိုးသားမှ ယုံကြည်မှုရှိလာမှာပါ။

၂။ အပြန်အလှန်စေ့စပ်ညှိနှိုင်းပါ

မတူညီတဲ့အကြောင်းအရာတွေ ရှိခဲ့ရင် ပွင့်ပွင့်လင်းလင်းပြောပြီး စေ့စပ်ညှိနှိုင်းပါ။

၃။ ရန်ဖြစ်ပါ

ရန်ဖြစ်ပါဆိုတာ ရင်ထဲမှာ ရှိတဲ့စကားတွေကို ပွင့်ပွင့်လင်းလင်းပြောခိုင်းတာပါနော်။ သူ့ကို အပြစ်တင်ရှုတ်ချခိုင်းတာမဟုတ်ပါဘူး။ ရန်ဖြစ်ရင် တစ်ယောက်ရဲ့ စိတ်ထားကို တစ်ယောက် ပွင့်ပွင့်လင်းလင်းသိခွင့်ရပါတယ်။

၄။ သူ့ကို ပြုပြင်ဖို့မကြိုးစားပါနဲ့

သူ့ကို သင်ကပြုပြင်နိုင်မှာမဟုတ်ပါဘူး။ သူ့ကို အရှိအတိုင်းပဲချစ်ပါ။ ဘာလေးပြင်လိုက်မှ ဟိုဟာလေးပြင်လိုက်မှဆိုတာမျိုး မဖြစ်သင့်ပါဘူး။ သူ့ကို သင်ကပြုပြင်နိုင်မှာမဟုတ်ပါဘူး။ သင့်ကိုချစ်တဲ့စိတ်က သူ့ကိုယ် သူပြုပြင်သွားအောင် ကူညီပေးနိုင်ပါလိမ့်မယ်။ သူ့ရဲ့ အကျင့်ဆိုးတွေကို သူကိုယ်တိုင်ပဲ ပြင်နိုင်ပါတယ်။

၅။ သူ့ရဲ့ အတိတ်ကိုလက်ခံပါ ပစ္စုပ္ပာန်ကိုချစ်ပါ

လူတစ်ယောက်ရဲ့ အတိတ်ကိုလက်ခံရပါမယ်။ သူ့ရဲ့ အတိတ်ဟာ သင်နဲ့ မတွေ့ခင်က ပြီးခဲ့ပါပြီ။ အတိတ်ကို ပြန်တူးဆွပြီး ဒဏ်ရာမပေးပါနဲ့။ အတိတ်ကိုလက်ခံပါ။ လက်ရှိသင့်ဘေးမှာ ရှိနေတဲ့ ချစ်သူကိုချစ်ပါ။

၆။ သင့်ရဲ့ အမြင်တစ်ခုတည်းနဲ့ မဆုံးဖြတ်လိုက်ပါနဲ့

သူပြောတာကိုနားထောင်ပါ။ အာရုံစိုက်ပါ။ သင့်ရဲ့ အမြင်၊ ခံစားချက်တစ်ခုတည်းနဲ့ မဆုံးဖြတ်လိုက်ပါနဲ့။