K-drama တွေမှာ ဆွဲဆောင်မှုရှိတဲ့ မင်းသား မင်းသမီးတို့ရဲ့ Chemistry မိလွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်သလို စိတ်ကျန်းမာရေးပြဿနာတွေလိုမျိုး အရေးကြီးတဲ့အကြောင်းအရာတွေကို ဦးစားပေးရိုက်ပြတဲ့ ဇာတ်လမ်းတွေကလည်း လူစိတ်ဝင်စားတဲ့ဇာတ်လမ်းတွဲတွေပါ။

သင်လည်း ဒီလိုဇာတ်လမ်းတွဲတွေကြည့်ရတာ သဘောကျတယ်ဆိုရင် ဒီဇာတ်လမ်းတွဲတွေက လက်မလွှတ်ဘဲကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတွေပါ။

Daily Dose of Sunshine

မယုံနိုင်လောက်အောင်ကောင်းတဲ့ ဒီ K-drama က စိတ်ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ သူတစ်ယောက်အကြောင်း ရိုက်ပြထားတာပါ။

It’s Okay to Not Be Okay

ဒီဇာတ်လမ်းက စိတ်ဒဏ်ရာ၊ အော်တစ်ဇင်သမားနဲ့ သူ့ကို ပြုစုစောင့်ရှောက်တဲ့သူရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို အဓိကထားရိုက်ပြထားတာပါ။

Nevertheless

ဒီဇာတ်လမ်းလေးကတော့ တခြားဇာတ်လမ်းတွေနဲ့ယှဥ်ရင် ပေါ့ပေါ့ပါးပါးရှိတဲ့ဇာတ်လမ်းလေးပါ။

When the Weather is Fine

တရားမျှတမှုမရှိတဲ့ အခြေအနေကြောင့် ဆိုးလ်မြို့ကနေပြန်ရောက်လာတဲ့ ဆရာမလေးနဲ့ အတန်းဖော်ဟောင်း၊ စာအုပ်ဆိုင်ပိုင်ရှင်လေးတို့ရဲ့ကြား ပေါက်ဖွားလာသော အချစ်ဇာတ်လမ်းတစ်ခုပါ။

Weightlifting Fairy Kim Bok-Joo

ဒီဇာတ်လမ်းကတော့ အလေးမသမားတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့တဲ့ Kim Bok-joo ရဲ့ဇာတ်လမ်းပါ။

Kill Me, Heal Me

ဒီဒရာမာရဲ့ဇာတ်ဆောင်ဖြစ်တဲ့ Do-hyun မှာ dissociative personality disorder လို့သိကြတဲ့ စိတ်ရောဂါဝေဒနာတစ်ခုရှိပါတယ်။ Do-hyun ကသူ့ကို ကူညီဖို့ Ri Jin ကို စိတ်ရောဂါကုဆရာဝန်အဖြစ် ခန့်အပ်လိုက်တဲ့နောက်ပိုင်း သူတို့နှစ်ယောက်ကြား အဖြစ်အပျက်ကို ရိုက်ပြထားတာပါ၊