[Zawgyi]
အခုေခတ္ႀကီးက လူတိုင္းကိုလည္းမယုံရေတာ့သလို ယုံၾကည္စိတ္ခ်ၿပီးသြားလာလို႔ရေနတဲ့ အခ်ိန္မ်ိဳးလည္း မဟုတ္ေတာ့ပါဘူး။ လုယက္မႈေတြလည္း မ်ားလာတဲ့အခ်ိန္မွာ ေယာက္်ားေလးေတြေရာ၊ မိန္းကေလးေတြပါ စိတ္ခ်လက္ခ်နဲ႔ေနလို႔ရေတာ့တဲ့အခ်ိန္မ်ိဳးေတာ့မဟုတ္ပါဘူး။ မိန္းကေလးေတြကပိုဆိုးတာေပါ့။
အႏၲရာယ္နဲ႔လက္တစ္ကမ္းမွာပဲဆိုေတာ့ ကိုယ့္ကိုယ္ကိုလုံၿခဳံမႈရွိေအာင္ မိန္းကေလးတစ္ေယာက္အေနနဲ႔ သိမွတ္ထားရမယ့္အရာေတြလည္း ရွိေနပါတယ္။
အၿမဲတမ္းနားစြင့္ထားပါ
တစ္ေယာက္ထဲအျပင္ကေန ျပန္လာတဲ့အခ်ိန္မ်ိဳးေတြ ဘယ္လိုအခ်ိန္မွာပဲျဖစ္ျဖစ္ တစ္ေယာက္ထဲျဖစ္သြားၿပီဆိုတာနဲ႔ သင့္နားေတြကိုအၿမဲတမ္း စြင့္ထားပါ။ ေနာက္ကေန တစ္ေယာက္ေယာက္ လိုက္လာေနလားဆိုတာကို အၿမဲသတိရွိေနေအာင္ေနရမွာပဲျဖစ္ပါတယ္။
မသိတဲ့သူေရာက္လာရင္
အိမ္မွာတစ္ေယာက္ထဲရွိေနတဲ့အခ်ိန္ မသိတဲ့သူတစ္ေယာက္ေယာက္က အိမ္ထဲဝင္ဖို႔နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ခြင့္ေတာင္းမယ္ဆိုရင္လည္း သတိဝီရိယေလးနဲ႔ေနဖို႔ အႀကံေပးခ်င္ပါတယ္။ ျဖစ္ႏိုင္ရင္လုံးဝကိုေပးမဝင္ပါနဲ႔။ အလိမၼာနည္းလမ္းေလးသုံးၿပီး ဖြင့္မေပးႏိုင္ေၾကာင္း ေကာင္းေကာင္းေျပာလိုက္ပါ။ ေဘးအိမ္ကလူေတြကိုလည္း ဖုန္းဆက္ၿပီးအကူညီေတာင္းၾကည့္ထားလိုက္ပါ။
အေပ်ာ္အပါးေလ်ာ့ပါ
လူငယ္ဆိုတာအေပ်ာ္အပါးႀကိဳက္ႏွစ္သက္ၾကတယ္ဆိုေပမယ့္ အရမ္းမူးေအာင္ေသာက္ၿပီး တစ္ေယာက္ထဲေနခဲ့တာမ်ိဳး၊ တစ္ျခားသူစိမ္းတစ္ေယာက္နဲ႔ စကားေျပာၿပီးက်န္ခဲ့တာ၊ အတူတူျပန္တာမ်ိဳးေတြ မလုပ္မိပါေစနဲ႔။ ဒါက အႏၲရာယ္အမ်ားဆုံးကိစၥေတြေပါ့။
ဖုန္းအားအၿမဲတမ္းရွိေနပါေစ
ဖုန္းအားအၿမဲတမ္းရွိေနဖို႔ကလည္း အေရးႀကီးတဲ့အခ်က္ပါပဲ။ တစ္ေယာက္ထဲျဖစ္ေနတဲ့အခ်ိန္ အေရးႀကဳံလာတာမ်ိဳးဆိုရင္ တစ္ေယာက္ေယာက္ကို ဖုန္းဆက္ၿပီးအကူအညီေတာင္းဖို႔ဆိုတာက ဖုန္းအားရွိေနမွလည္းအဆင္ေျပႏိုင္မွာေပါ့။
တစ္ခုခုျဖစ္လာရင္ လမ္းေၾကာင္းေျပာင္းတတ္ပါေစ
တစ္ေယာက္ထဲရွိေနတဲ့အခ်ိန္မွာ ေနာက္ကတစ္ေယာက္ေယာက္လိုက္လာတာမ်ိဳး ႀကဳံေတြ႕ရၿပီဆိုရင္ လမ္းေၾကာင္းေဖ်ာက္ၿပီးသြားတတ္ဖို႔ အေရးႀကီးပါတယ္။ ဒီလိုမ်ိဳးသြားတတ္ဖို႔ကလည္း သင့္ရဲ႕မ်က္လုံးေတြကို အရင္ထဲကေဘးဘက္ေတြကို ၾကည့္ၿပီးပတ္ဝန္းက်င္ကို အကဲခတ္တတ္ဖို႔အေရးႀကီးပါတယ္။
မိန္းကေလးေတြဆိုတာ အားႏြဲ႕တယ္ဆိုေပမယ့္ ဉာဏ္ေလးနဲ႔ယွဥ္ၿပီး ကိုယ့္အႏၲရာယ္ကိုသိၿပီး ဆင္ျခင္ႏိုင္မွာ လုံၿခဳံမႈရွိမွာေပါ့။ အေၾကာင္းတစ္ခုခုႀကဳံလာတဲ့အခါမွာလည္း ေသြးပူမသြားပဲ စိတ္ေအးေအးထားၿပီး လွ်င္လွ်င္ျမန္ျမန္နဲ႔ အေကာင္းဆုံးနည္းလမ္းကို ဆုံးျဖတ္တတ္ဖို႔ပဲလိုပါတယ္။
Photo Source: Unsplash
[Unicode]
အခုခေတ်ကြီးက လူတိုင်းကိုလည်းမယုံရတော့သလို ယုံကြည်စိတ်ချပြီးသွားလာလို့ရနေတဲ့ အချိန်မျိုးလည်း မဟုတ်တော့ပါဘူး။ လုယက်မှုတွေလည်း များလာတဲ့အချိန်မှာ ယောက်ျားလေးတွေရော၊ မိန်းကလေးတွေပါ စိတ်ချလက်ချနဲ့နေလို့ရတော့တဲ့အချိန်မျိုးတော့မဟုတ်ပါဘူး။ မိန်းကလေးတွေကပိုဆိုးတာပေါ့။
အန္တရာယ်နဲ့လက်တစ်ကမ်းမှာပဲဆိုတော့ ကိုယ့်ကိုယ်ကိုလုံခြုံမှုရှိအောင် မိန်းကလေးတစ်ယောက်အနေနဲ့ သိမှတ်ထားရမယ့်အရာတွေလည်း ရှိနေပါတယ်။
အမြဲတမ်းနားစွင့်ထားပါ
တစ်ယောက်ထဲအပြင်ကနေ ပြန်လာတဲ့အချိန်မျိုးတွေ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် တစ်ယောက်ထဲဖြစ်သွားပြီဆိုတာနဲ့ သင့်နားတွေကိုအမြဲတမ်း စွင့်ထားပါ။ နောက်ကနေ တစ်ယောက်ယောက် လိုက်လာနေလားဆိုတာကို အမြဲသတိရှိနေအောင်နေရမှာပဲဖြစ်ပါတယ်။
မသိတဲ့သူရောက်လာရင်
အိမ်မှာတစ်ယောက်ထဲရှိနေတဲ့အချိန် မသိတဲ့သူတစ်ယောက်ယောက်က အိမ်ထဲဝင်ဖို့နည်းလမ်းအမျိုးမျိုးနဲ့ ခွင့်တောင်းမယ်ဆိုရင်လည်း သတိဝီရိယလေးနဲ့နေဖို့ အကြံပေးချင်ပါတယ်။ ဖြစ်နိုင်ရင်လုံးဝကိုပေးမဝင်ပါနဲ့။ အလိမ္မာနည်းလမ်းလေးသုံးပြီး ဖွင့်မပေးနိုင်ကြောင်း ကောင်းကောင်းပြောလိုက်ပါ။ ဘေးအိမ်ကလူတွေကိုလည်း ဖုန်းဆက်ပြီးအကူညီတောင်းကြည့်ထားလိုက်ပါ။
အပျော်အပါးလျော့ပါ
လူငယ်ဆိုတာအပျော်အပါးကြိုက်နှစ်သက်ကြတယ်ဆိုပေမယ့် အရမ်းမူးအောင်သောက်ပြီး တစ်ယောက်ထဲနေခဲ့တာမျိုး၊ တစ်ခြားသူစိမ်းတစ်ယောက်နဲ့ စကားပြောပြီးကျန်ခဲ့တာ၊ အတူတူပြန်တာမျိုးတွေ မလုပ်မိပါစေနဲ့။ ဒါက အန္တရာယ်အများဆုံးကိစ္စတွေပေါ့။
ဖုန်းအားအမြဲတမ်းရှိနေပါစေ
ဖုန်းအားအမြဲတမ်းရှိနေဖို့ကလည်း အရေးကြီးတဲ့အချက်ပါပဲ။ တစ်ယောက်ထဲဖြစ်နေတဲ့အချိန် အရေးကြုံလာတာမျိုးဆိုရင် တစ်ယောက်ယောက်ကို ဖုန်းဆက်ပြီးအကူအညီတောင်းဖို့ဆိုတာက ဖုန်းအားရှိနေမှလည်းအဆင်ပြေနိုင်မှာပေါ့။
တစ်ခုခုဖြစ်လာရင် လမ်းကြောင်းပြောင်းတတ်ပါစေ
တစ်ယောက်ထဲရှိနေတဲ့အချိန်မှာ နောက်ကတစ်ယောက်ယောက်လိုက်လာတာမျိုး ကြုံတွေ့ရပြီဆိုရင် လမ်းကြောင်းဖျောက်ပြီးသွားတတ်ဖို့ အရေးကြီးပါတယ်။ ဒီလိုမျိုးသွားတတ်ဖို့ကလည်း သင့်ရဲ့မျက်လုံးတွေကို အရင်ထဲကဘေးဘက်တွေကို ကြည့်ပြီးပတ်ဝန်းကျင်ကို အကဲခတ်တတ်ဖို့အရေးကြီးပါတယ်။
မိန်းကလေးတွေဆိုတာ အားနွဲ့တယ်ဆိုပေမယ့် ဉာဏ်လေးနဲ့ယှဉ်ပြီး ကိုယ့်အန္တရာယ်ကိုသိပြီး ဆင်ခြင်နိုင်မှာ လုံခြုံမှုရှိမှာပေါ့။ အကြောင်းတစ်ခုခုကြုံလာတဲ့အခါမှာလည်း သွေးပူမသွားပဲ စိတ်အေးအေးထားပြီး လျှင်လျှင်မြန်မြန်နဲ့ အကောင်းဆုံးနည်းလမ်းကို ဆုံးဖြတ်တတ်ဖို့ပဲလိုပါတယ်။
Photo Source: Unsplash