လူရယ်လို့ဖြစ်လာပြီဆိုရင် ဘဝမှာ သူငယ်ချင်းမိတ်ဆွေမရှိဘဲ နေလို့မရပါဘူး။ သူငယ်ချင်းကောင်းတစ်ယောက် ရှိနေခြင်းက ဘဝမှာ ရှေ့ဆက်ဖို့ ခွန်အားပေးသလိုပါပဲတဲ့။ အသက်ကြီးလာတာနဲ့အမျှ သူငယ်ချင်းအရေအတွက် တဖြည်းဖြည်းလျော့နည်းလာသလို တန်ဖိုးရှိတဲ့ သူငယ်ချင်းအစစ် ဆိုတာမျိုးကလည်း ရှားလာပါတယ်။

အခုခေတ်မှာဆိုရင် Social Media တွေက လူငယ်တွေအပေါ် အရမ်းလွှမ်းမိုးလာတာကို သတိထားမိကြမှာပါ။ Facebook ပေါ်မှာ Like ဘယ်လောက်ရမှ၊ Comment ဘယ်လောက်ရမှဆိုပြီး တင်လာကြတာတွေ အများကြီးပါ။ ဒါကိုကြည့်ခြင်းအားဖြင့် လူငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာ စိတ်ခံစားချက်တွေကို Social Media ကအရမ်း လွှမ်းမိုးထားတဲ့အတွက် လုံးဝမကောင်းတဲ့ကိစ္စပါ။

Facebook ပေါ်မှာ သိတဲ့သူရော မသိတဲ့သူရော အယောက် ၅၀၀၀ ပြည့်တဲ့အထိ လိုက် Add ၊ Friend Request တွေလက်ခံ၊ အဲ့လိုတွေကြောင့် Social Media ပေါ်မှာတင် ပြဿနာတက်ကြတာ မနည်းတော့ပါဘူး။

ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် မြေကြီးနဲ့အရမ်းရင်းနှီးခဲ့ရတယ်။ မြေကြီးပေါ်မှာ ဆော့ရတာကိုပဲ ပျော်စရာအကောင်းဆုံးလို့ သတ်မှတ်ခဲ့ကြတယ်။ အခုခေတ်လို စမတ်ဖုန်းတွေမပေါ်ခင်က ဖုန်းပြောချင်ရင်တောင် ကြိုးဖုန်းသုံးပြီးတော့ပဲ သူငယ်ချင်းတွေနဲ့ ဖုန်းပြောခဲ့ရတယ်။ အပြင်မှာချိန်းပြီး တွေ့ကြတဲ့အခါဆိုရင်လည်း စကားတွေက ပြောလို့ကိုမကုန်နိုင်ဘူး။

အခုများတော့ Gathering ဆိုပြီးချိန်းလိုက်ရင် တစ်ယောက်ယောက်က စကားမစမချင်း စကားမပြောကြတော့ဘူး။ ဖေ့စ်ဘုတ်သုံးတဲ့သူကသုံး၊ ဂိမ်းဆော့တဲ့သူကဆော့၊ ရည်းစားနဲ့ Chat တဲ့သူက chat နဲ့ တော်တော်ကို ပျော်စရာမကောင်းတော့တာပါ။ ဒါတွေရဲ့ နောက်ဆုံးရလဒ်ကတော့ ရင်းနှီးမှုတွေ ပျောက်ဆုံးကုန်တာပါပဲ။

စစ်မှန်တဲ့ မိတ်ဆွေသူငယ်ချင်းကောင်း တစ်ယောက်ဆိုတာ ကိုယ်လိုအပ်တဲ့အချိန်၊ ကိုယ်ဒုက္ခရောက်နေတဲ့အချိန်တွေမှာ အမြဲအဆင်သင့် ရှိနေတတ်တဲ့ သူမျိုးပါ။ သူတို့လိုတဲ့အချိန် ရောက်လာတတ်ပြီး ကိုယ်လိုတဲ့အချိန်မှာ ရှောင်သွားတတ်တာမျိုးက သူငယ်ချင်းအစစ်အမှန် မဟုတ်ပါဘူး။ လူတစ်ယောက်မှာ အနည်းဆုံး ရင်ဖွင့်ဖော် ရင်ဖွင့်ဘက်၊ တိုင်ပင်ဖော် တိုင်ပင်ဖက် တစ်ယောက်တော့ ရှိသင့်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။

Social media ပေါ်မှာ Status တင်ပြီး အားပေးမှုမခံယူချင်ပါနဲ့။ တကယ်စိတ်ညစ်နေပြီဆိုရင် သူငယ်ချင်းဆီ ဖုန်းဆက်ပြီးသာ ရင်ဖွင့်လိုက်ပါ။ ။ MyStyle Myanmar ပရိသတ်ကြီးအားလုံးလည်း Social media ရဲ့ လွှမ်းမိုးမှုအောက်ကနေ ရုန်းထွက်နိုင်ပြီး သူငယ်ချင်းအစစ်အမှန်တွေ ရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။လူရယ်လို့ဖြစ်လာပြီဆိုရင် ဘဝမှာ သူငယ်ချင်းမိတ်ဆွေမရှိဘဲ နေလို့မရပါဘူး။ သူငယ်ချင်းကောင်းတစ်ယောက် ရှိနေခြင်းက ဘဝမှာ ရှေ့ဆက်ဖို့ခွန်အားပေးသလိုပါပဲတဲ့။ အသက်ကြီးလာတာနဲ့အမျှ သူငယ်ချင်းအရေအတွက် တဖြည်းဖြည်းလျော့နည်းလာသလို တန်ဖိုးရှိတဲ့ သူငယ်ချင်းအစစ်ဆိုတာမျိုးကလည်း ရှားလာပါတယ်။

အခုခေတ်မှာဆိုရင် Social Media တွေက လူငယ်တွေအပေါ် အရမ်းလွှမ်းမိုးလာတာကို သတိထားမိကြမှာပါ။ Facebook ပေါ်မှာ Like ဘယ်လောက်ရမှ၊ Comment ဘယ်လောက်ရမှဆိုပြီး တင်လာကြတာတွေ အများကြီးပါ။ ဒါကိုကြည့်ခြင်းအားဖြင့် လူငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာ စိတ်ခံစားချက်တွေကို Social Media ကအရမ်း လွှမ်းမိုးထားတဲ့အတွက် လုံးဝမကောင်းတဲ့ကိစ္စပါ။

Facebook ပေါ်မှာ သိတဲ့သူရော မသိတဲ့သူရော အယောက် ၅၀၀၀ ပြည့်တဲ့အထိ လိုက် Add ၊ Friend Request တွေလက်ခံ၊ အဲ့လိုတွေကြောင့် Social Media ပေါ်မှာတင် ပြဿနာတက်ကြတာ မနည်းတော့ပါဘူး။

ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် မြေကြီးနဲ့အရမ်းရင်းနှီးခဲ့ရတယ်။ မြေကြီးပေါ်မှာ ဆော့ရတာကိုပဲ ပျော်စရာအကောင်းဆုံးလို့ သတ်မှတ်ခဲ့ကြတယ်။ အခုခေတ်လို စမတ်ဖုန်းတွေမပေါ်ခင်က ဖုန်းပြောချင်ရင်တောင် ကြိုးဖုန်းသုံးပြီးတော့ပဲ သူငယ်ချင်းတွေနဲ့ ဖုန်းပြောခဲ့ရတယ်။ အပြင်မှာချိန်းပြီး တွေ့ကြတဲ့အခါဆိုရင်လည်း စကားတွေက ပြောလို့ကိုမကုန်နိုင်ဘူး။

အခုများတော့ Gathering ဆိုပြီးချိန်းလိုက်ရင် တစ်ယောက်ယောက်က စကားမစမချင်း စကားမပြောကြတော့ဘူး။ ဖေ့စ်ဘုတ်သုံးတဲ့သူကသုံး၊ ဂိမ်းဆော့တဲ့သူကဆော့၊ ရည်းစားနဲ့ Chat တဲ့သူက chat နဲ့ တော်တော်ကို ပျော်စရာမကောင်းတော့တာပါ။ ဒါတွေရဲ့ နောက်ဆုံးရလဒ်ကတော့ ရင်းနှီးမှုတွေ ပျောက်ဆုံးကုန်တာပါပဲ။

စစ်မှန်တဲ့ မိတ်ဆွေသူငယ်ချင်းကောင်း တစ်ယောက်ဆိုတာ ကိုယ်လိုအပ်တဲ့အချိန်၊ ကိုယ်ဒုက္ခရောက်နေတဲ့အချိန်တွေမှာ အမြဲအဆင်သင့် ရှိနေတတ်တဲ့သူမျိုးပါ။ သူတို့လိုတဲ့အချိန် ရောက်လာတတ်ပြီး ကိုယ်လိုတဲ့အချိန်မှာ ရှောင်သွားတတ်တာမျိုးက သူငယ်ချင်းအစစ်အမှန် မဟုတ်ပါဘူး။ လူတစ်ယောက်မှာ အနည်းဆုံး ရင်ဖွင့်ဖော် ရင်ဖွင့်ဘက်၊ တိုင်ပင်ဖော် တိုင်ပင်ဖက် တစ်ယောက်တော့ ရှိသင့်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။

Social media ပေါ်မှာ Status တင်ပြီး အားပေးမှုမခံယူချင်ပါနဲ့။ တကယ်စိတ်ညစ်နေပြီဆိုရင် သူငယ်ချင်းဆီ ဖုန်းဆက်ပြီးသာ ရင်ဖွင့်လိုက်ပါ။ ။ MyStyle Myanmar ပရိသတ်ကြီးအားလုံးလည်း Social media ရဲ့ လွှမ်းမိုးမှုအောက်ကနေ ရုန်းထွက်နိုင်ပြီး သူငယ်ချင်းအစစ်အမှန်တွေ ရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။