ငြိမ်သက်တဲ့ အနုပညာလက်ရာတွေ၊ အသက်ဝင်တဲ့ ရေးဆွဲမှုတွေ စတာတွေက ကြည့်ရှုသူရဲ့ ရင်ထဲကို တိုက်ရိုက် ထိခတ်နိုင်ပါတယ်။ ဒီပုံရိပ် အနုပညာတွေထဲကို ကိုယ်တိုင်ပါ ဝင်သွားတဲ့အချိန် ဒါက ကြည်နူးဖို့ ကောင်းပါတယ်။ ဒီတစ်ခေါက်မှာတော့ အမြဲ အကောင်းမြင်စိတ်နဲ့ နေတတ်တဲ့ မိန်းကလေးတွေရဲ့ ပုံရ်ိပ်တွေကို ဖော်ပြပါရစေ။ သင်က လက်ရှိမှာ စိတ်ညစ်စရာတွေ များနေရင်တောင် ဖော်ပြပါ ပုံရိပ်တွေကို ကြည့်ရင်း ခဏတဖြုတ် အားအင်တွေ ပြည့်သွားမယ်လို့ မျှော်လင့်မိပါတယ်။

ကောင်းတဲ့အရာတွေက သင့်ဆီကို ရောက်လာနိုင်ဖို့ တကယ်လည်း ရောက်လာမယ်ဆိုတဲ့ ယုံကြည်ချက်ကို ထားသင့်ပါတယ်။ သင့်ကိုယ်သင် ဆိုးဆိုးရွားရွား မသတ်မှတ်သင့်ပါဘူး။


ပျော်ပျော်နေတတ်တဲ့ မိန်းကလေးတွေက သူတို့ကို ကြည့်မရတဲ့ သူတွေကို အနိုင်ရပြီးသား ဖြစ်ပါတယ်။


ဘယ်အရာပဲ လုပ်လုပ် စိတ်ဖိစီးမှု မများသင့်ပါဘူး။ ကိုယ်လုပ်န်ိုင်တာကို အကောင်းဆုံး လုပ်ပြီး ကျန်တာကို မေ့ထားသင့်ပါတယ်။


သင့်ဘဝက ချိုမှာလား ခါးမှာလား ဆိုတဲ့ ရွေးချယ်မှုက သင့်အတွေးနဲ့ သင့်အပေါ် မူတည်ပါတယ်။


ပျော်ရွှင်မှုဆိုတာက ကိုယ့်ဘဝမှာ ရလာတဲ့ အရာသေးသေးမွှားမွှားလေးတွေမှာ ပျော်ရွှင်တတ်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။


အတွေး လွန်နေတာကို ရပ်ပြီး ကိုယ်လုပ်စရာ ရှိတာကို ဆက်လုပ်သင့်ပါတယ်။


သင့်မှာ ရှိတဲ့ အရာပေါ်မှာ ကျေနပ်တတ်ပြီး သင်ရလာမယ့် အရာအတွက် စိတ်လှုပ်ရှားသင့်ပါတယ်။


နေ့ရက်တိုင်းက အသစ် စတင်ခြင်းပါပဲ။ အသက်သေချာ ရှူပြီးနောက် ပြန်လည်စတင်နိုင်ပါတယ်။

ဘယ်ကိစ္စပဲ ဖြစ်ဖြစ် အရာရာက အဆင်ပြေသွားမှာပါ ဆိုတဲ့ စိတ်ကို ထားသင့်ပါတယ်။


မနက်ပိုင်းမှာ အကောင်းမြင်စိတ် တစ်ခု ပေါ်လာခြင်းက သင့်တစ်နေ့တာကို ပြောင်းလဲပစ်နိုင်ပါတယ်။


များများပြုံးပြီး သင်က မနေ့ကထက် ပိုသန်မာကြောင်း တခြားသူတွေ မြင်အောင် သက်သေပြသင့်ပါတယ်။


ဘဝက ခက်ခဲကြမ်းတမ်းတဲ့အချိန် “ဘာလို့ ငါ့မှလဲ” လို့ ပြောမယ့်အစား “လာစမ်းပါ၊ အေးဆေးပဲ” ဆိုတဲ့ စကားကို ပြောသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar