Introvert အများစုက အုပ်စု၊ အဖွဲ့နဲ့ နေရတာထက် ကိုယ့်ဘာကိုယ် တစ်ယောက်တည်း နေရတာကို ပိုကြိုက်ကြပါတယ်။ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ လုံးဝ မနေချင်တာမဟုတ်ဘဲ ရှုပ်ထွေးမှု၊ ဆူညံမှု၊ ကျယ်လောင်တဲ့ ရယ်မောသံတွေက Introvert တွေကို ပိုပြီး မောပန်းစေပါတယ်။ ပိုပြီး ကျဉ်းကျပ်စေတတ်ပါတယ်။ ဒါကြောင့်ပဲ Introvert အများစုဟာ အိမ်မှာပဲ သီချင်းနားထောင်နေတာ၊ စာအုပ်ဖတ်နေတာ၊ လုပ်စရာ ရှိတာတွေ တိတ်ဆိတ်စွာ လုပ်နေတာ စတာတွေကိုပဲ ပိုရွေးချယ်တတ်ကြပါတယ်။

တည်ငြိမ်အေးဆေးပြီး တစ်ယောက်တည်း နေရတာ ကြိုက်တဲ့ ပျိုမေအများစုဟာ Introvert တွေ ဖြစ်တတ်ကြပါတယ်။ ဒီလို မိန်းကလေးတွေက အလုပ်ရွေးချယ်တဲ့အခါ စကားပြောရလွန်းတဲ့၊ လူစိမ်းတွေနဲ့ ခဏခဏ တွေ့ရတဲ့၊ အမြဲသွက်သွက်လက်လက် နေရတဲ့ အလုပ်တွေကို ရှောင်တတ်ကြပါတယ်။ တစ်နေရာတည်းမှာ အေးဆေး လုပ်နေရတာမျိုးကို သူတို့က ပိုနှစ်သက်ကြပါတယ်။ သူတို့ကို ကြည့်နေတဲ့ သူတွေကိုပါ သူတို့နဲ့ အတူ ငြိမ်းချမ်းစေတာမျိုးပါ။ ဒီတစ်ခေါက်မှာတော့ စာဖတ်သူပါ စိတ်အေးချမ်းနိုင်ဖို့ တစ်ယောက်တည်း တိတ်ဆိတ်စွာ နေတတ်တဲ့ မိန်းကလေးတွေရဲ့ ပုံရိပ်ကို ဖော်ပြပါရစေ။

တိတ်တိတ်ဆိတ်ဆိတ် လုပ်ရတဲ့ အလုပ်မျိုးကို ပိုနှစ်သက်တတ်ကြပါတယ်။

အခန်းထဲ ရှုခင်း တစ်လှည့်ကြည့်လိုက် စာအုပ်ဖတ်လိုက် လုပ်ချင်ကြတာ သူတို့ရဲ့ ဝါသနာဖြစ်ပါတယ်။

Handmade ပစ္စည်းတွေလုပ်ရင်း စိတ်ငြိမ်အောင် ကြိုးစားတတ်သူတွေ ဖြစ်ပါတယ်။

အပင်တွေနဲ့ နီးကပ်စွာနေပြီး အပင်စိုက်နှစ်သက်သူတွေလည်း ဖြစ်ပါတယ်။

သဘာဝ အပင်တွေက သူတို့ရဲ့ Charger တွေ ပဲ ဖြစ်ပါတယ်။

ကွန်ပြူတာတစ်လုံးနဲ့ လုပ်စရာတွေကို အေးအေးဆေးဆေး လုပ်ရတာကို ပိုကြိုက်ကြပါတယ်။

တိတ်ဆိတ်ခြင်းကို ကြည့်ရတာကိုက သူတို့ရဲ့ ဝါသနာတစ်ခုပါ။

အရသာရှိတဲ့ အစားအသောက်တွေကလည်း တစ်ယောက်တည်း နေရတာ နှစ်သက်သူတို့ရဲ့ ပျော်ရွှင်မှု ဖြစ်ပါတယ်။

အနုပညာကို နှစ်သက်သူတွေဆိုလည်း မမှားပါဘူး။

သူတို့ ရဲ့ အိပ်မက်ထဲမှာ လေတဖြူးဖြူးတိုက်နေတဲ့ မြက်ခင်းပြင်နဲ့အတူ သီချင်းအေးအေးလေးနားထောင်ရင်း ကောင်းကင်ပြာကြီးအောက် အပူအပင်မရှိဘဲ အိပ်စက်ဖို့ ပါဝင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar