ကိုးရီးယားလူမျိုး Artist တစ်ဦးဖြစ်တဲ့ Hyocheon Jeong က အဓိပ္ပာယ်အပြည့်နဲ့ တန်ဖိုးရှိလွန်းတဲ့ အနုပညာလက်ရာတွေကို ဖန်တီးခဲ့ပါတယ်။ Hyocheon Jeong ရဲ့ လက်ရာက ကြည့်မိတဲ့ လူတိုင်းကို အချိန်တိုင်း အပြုံးတစ်ပွင့်ပိုင်ဆိုင်စေမှာပါ။

သင့်ရဲ့ တစ်နေ့တာကို အပြုံးနဲ့ စတင်နိုင်ဖို့ရာ ချစ်မိတဲ့အခါ ဖြစ်ပွားလာတဲ့ အလှတရားတွေကို Hyocheon Jeong ရဲ့လက်ရာတွေနဲ့ ဖော်ပြပါရစေ။ လူတိုင်းချစ်ဖူးမှာပါ။ ချစ်မိတဲ့အခါ ခံစားရတဲ့ အပျော်အငို ရသမျိုးစုံကို အားလုံးကြုံဖူးမှာပါ။ အချစ်ရဲ့ အရသာကို အောက်မှာဖော်ပြထားတဲ့ ပုံရိပ်တွေနဲ့ အတူ ခံစားစီးမြောလိုက်ပါနော်။

ဒီပုံရိပ်တွေကို မြင်ပြီး သင်အချစ်ကို ခံစားမိမှာပါ။ သင်ချစ်ရသူကို Mention ခေါ်ဖို့လည်း မမေ့ပါနဲ့နော်။

Source: Brightside.me

By MyStyle Myanmar