ကျွန်မတို့ရဲ့နေ့စဥ်ဘဝတွေ သို့မဟုတ် အလုပ်ခွင်အတွင်းမှာ တွေ့ရကြုံရလာနိုင်တဲ့ လူအမျိုးအစားတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့အတွက် စိတ်ပညာရပ်မှာ သီအိုရီများစွာရှိပါတယ်။ လူနှစ်ဦးရဲ့ အမူအကျင့်တွေနဲ့ နေထိုင်မှုဘဝပုံစံတွေကို နှိုင်းယှဥ်ကြည့်ချိန်မှာ ရှင်သန်နေထိုင်ပုံစံတွေ မတူညီကြတာကို အများကြီးတွေ့ရပါလိမ့်မယ်။

တချို့တွေက အချိန်နောက်ကျတတ်တာကို ဘယ်လိုမှသည်းမခံနိုင်ကြပေမယ့် လူတချို့ကတော့ နောက်ကျကျ မကျကျ ဂရုမစိုက်တတ်ပါဘူး။ အစားအသောက်ဆို အချိုကြိုက်သူ၊ အစပ်ကြိုက်သူကွာသွားသလို အဝတ်အစားဆိုရင်လည်း ဖိနပ်ကို ခြေအိတ်နဲ့ဝတ်တတ်သူနဲ့ ပြောင်အတိုင်းဝတ်ရတာကို ကြိုက်သူ စသဖြင့် ကွာခြားကြပါတယ်။

ဒါကြောင့် လောကမှာရှိတဲ့ လူနှစ်မျိုးနှစ်စားကို နားလည်နိုင်ဖို့အတွက် Bright Side မှ နှိုင်းယှဥ်မှုလေးတွေကို ပြုလုပ်ပေးထားတာမို့ စာဖတ်သူလည်း ဘယ်လိုလူအမျိုးအစားထဲမှာပါဝင်နေသလဲဆိုတာကို ကြည့်လိုက်ရအောင်ပါ။

မိန်းကလေးတွေရဲ့ မပြီးဆုံးနိုင်တဲ့ ဝေခွဲမရမှု (ဆံပင်အကောက်နဲ့ ဆံပင်အဖြောင့်)

ငြိမ်ငြိမ်မအိပ်တတ်သူနဲ့ အိပ်နေချိန် လုံးဝမလှုပ်သူ

အပြင်ထွက်မယ်ဆို အကြာကြီးပြင်ဆင်တတ်သူနဲ့ ၅ မိနစ်ပဲ အချိန်ယူတတ်သူ

ဖုန်းအားအမြဲသွင်းနေတတ်သူနဲ့ ဘက်ထရီ 10% လောက်ရှိလည်း လုံလောက်နေသူ

ချက်ချင်းဖုန်းကိုင်တတ်သူ နဲ့ ဖုန်းဘယ်တော့မှမကိုင်သူ

ချောကလက်အမည်းကြိုက်သူ နဲ့ ချောကလက်အဖြူကြိုက်သူ

တစ်ယောက်တည်းနေရတာကြိုက်သူ နဲ့ စုစုဝေးဝေးနေရတာကိုကြိုက်သူ

စာအုပ်ဖတ်သူ နဲ့ E-book ဖတ်သူ

စောစောထသူ နဲ့ ညဥ့်နက်တတ်သူ

အာလူးကြော်ပေါ် အချဥ်ရည်လောင်းပြီး စားတတ်သူ နဲ့ သပ်သပ်စီတို့စားတတ်သူ

စာဖတ်ရတာကြိုက်သူ နဲ့ ရုပ်ရှင်ကြည့်ရတာကြိုက်သူ

လက်ဖက်ရည်သောက်သူ နဲ့ ကော်ဖီချစ်သူ

အအေးကြိုက်သူ နဲ့ အပူကြိုက်သူ

နှိုးစက်မြည်ချိန် အိပ်ရာထသူ နဲ့ နှိုးစက်ပိတ်ပြီး ပြန်အိပ်တတ်သူ

Source: BrightSide