မင်္ဂလာပါ… ပျိုမဒီတို့ရေ…. အချစ်ရေးမှာ လက်တွဲဖော်ရှိတာက ပျော်စရာကောင်းပေမယ့် ဘဝမှာ သူငယ်ချင်းကောင်းတွေရှိဖို့က ပိုအရေးကြီးတာမဟုတ်ရင်တောင် အတူတူပါပဲနော်။ တစ်ခါတစ်လေမှာ လက်တွဲဖော် တစ်ယောက်ထက်တောင် သူငယ်ချင်းဆက်ဆံရေးက ခိုင်မြဲနေတတ်ပါသေးတယ်။

ဟန်ဆောင်မှုတွေပေါလွန်းတဲ့လောကြီးမှာ စိတ်ရင်းစိတ်မှန်တဲ့ သူငယ်ချင်းမိတ်တွေကို ပိုင်ဆိုင်ထားရတဲ့လူတွေဟာ တကယ့်ကို ကံအကောင်းဆုံးလူတွေပါပဲ။ သင့်အနားမှာ ရှိတဲ့လူတွေက မိတ်ဆွေစစ် မိတ်ဆွေမှန် သူငယ်ချင်းကောင်းတွေ ဖြစ်ရဲ့လားဆိုတာ အောက်ကအချက်တွေနဲ့ ဆန်းစစ်ကြည့်ရအောင်-

ယုံကြည်မှုရှိတာ

အချစ်ဆုံးသူငယ်ချင်းက လျှို့ဝှက်ချက်တွေကို ထိန်းထားနိုင်သလို အကြောင်းအရာတစ်ခု သူ့ကိုပြောပြလိုက်ရင်လည်း တခြားသူတွေဆီ ပျံ့နှံ့သွားမှာကို စိုးရိမ်စရာ မလိုဘူးဆိုတဲ့ အဲဒီယုံကြည်မှုက သူငယ်ချင်းကောင်းတွေဆီမှာဘဲ ရှိတာပါ။

နားလည်မှုရှိတာ

သင့်အပေါ် တခြားသူငယ်ချင်းတွေ နားမလည်နိုင်တဲ့နည်းနဲ့ သူတို့က မင်းကို နားလည်ပါတယ်” ဒါမျိုးက စစ်မှန်တဲ့ သူငယ်ချင်းတွေကြားမှာသာ ရှိတာပါ။

ခံစားချက်တူညီတာ

စိတ်တူကိုယ်တူ ခံစားချက်တူတဲ့သူငယ်ချင်းတွေကြားမှာသာ  “လုံခြုံပြီး စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ ဆက်ဆံရေးမျိုး” ရှိတာပါ။

လှုံ့ဆော်ပေးတာ

သင့်ကို စိတ်အားထက်သန်စေပြီး ပိုကောင်းအောင်လုပ်ဖို့ လှုံ့ဆော်ပေးနိုင်စွမ်းရှိပြီး သင့်ကို ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် လုပ်ပေးနိုင်တဲ့သူက သူငယ်ချင်းကောင်းတစ်ယောက်ပါပဲ။

အရင်ပြောပြတာ

ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မင်း ချက်ချင်းဖုန်းဆက်တဲ့စာရင်းမှာ အမြဲပါပြီး ဖြစ်လာတဲ့အရာတွေအပေါ် သူတို့ရဲ့ ထင်မြင်ချက်ကို လိုချင်ပြီး သူတို့ရဲ့ နားလည်မှုကို လိုချင်တယ်”  ဒါဟာ သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်တယ်ဆိုတာကို သက်သေပြနေတာပါဘဲ။