အချစ်ရေးတစ်ခုမှာ တစ်ယောက်တည်းက အလေးပိုပြီး ချစ်နေရတာက ရေရှည်မှာအဆင်မပြေနိုင်ပါဘူး။ တွဲတာကြာလာလို့ ကောင်လေးဘက်က ရိုးအီတာတွေ မိန်းကလေးဘက်ကလည်း စိတ်မပါတာတွေဖြစ်နိုင်ပါသေးတယ်။ ကိုယ်တွဲနေတဲ့လူတစ်ယောက်က ကိုယ့်အပေါ် အချစ်စစ်နဲ့ တကယ်ချစ်တာလား သိထားသင့်ပါတယ်။ သမီးရည်းစားတွဲတယ်ဆိုတာ အိမ်ထောင်မပြုခင် ဒီလူနဲ့ အဆင်ပြေမလား စမ်းသပ်တဲ့ကာလပါပဲ။ သင်လက်ရှိတွဲနေတဲ့ ကောင်လေးက သင့်ကို တကယ်ချစ်မချစ် ဒီအရာတွေ သူလုပ်ပေးလား ဆန်းစစ်ကြည့်လိုက်ပါနော်

၁။ သူက မနက်တိုင်း သင့်ကို Morning Text ပို့တယ်

မနက်နိုးလာတဲ့အချိန် သူ့ခေါင်းထဲ ပထမဆုံးဝင်လာတာက သင်ဖြစ်နေလို့ပါ။ သင့်ကို ချစ်ရုံတင်မက စွဲလန်းနေတဲ့အဆင့်ထိရောက်နေပါပြီ။ သင်က သူ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးအတွေးလေးပါပဲ။ သင်ကလည်း သူသင့်ကို တကယ်ချစ်မှန်း မိန်းကလေးတွေရဲ့ ဆဌမအာရုံနဲ့ ခံစားနေရတတ်ပါတယ်။ အခုတောင် သင်သူ့အကြောင်း စဉ်းစားနေပါပြီ။

၂။ သင့်ကို မြင်တာနဲ့ သူ့မျက်နှာလေး လင်းသွားတယ်

လူတစ်ယောက်က ချစ်မိတာနဲ့ သူ့ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ သောကတွေအကုန်လုံးက တစ်ယောက်သောသူဆီ မူတည်သွားပါပြီ။ သူက သင့်ကို တကယ်ချစ်တယ်ဆိုရင် သူ့ဘဝမှာ အခက်အခဲဘယ်လောက်ပဲ တွေ့ပါစေ သင်နဲ့ တွေ့လိုက်ရရင် အပူတွေ ပျောက်သွားတတ်ပါတယ်။ သင်နဲ့အတူရှိနေရတာက သူ့ဘဝမှာ အပျော်ဆုံးနဲ့ အကြိုက်ဆုံးအချိန်ပါပဲ။ သူ့ရဲ့စိတ်လှုပ်ရှားမှုကလည်း သင်ပါပဲ။

၃။ သင့်ဆီက အကြံဉာဏ်တောင်းတယ်

တချို့ကောင်လေးတွေက အရာရာတိုင်းကို သူတို့ပဲ ဆုံးဖြတ်ပါတယ်။ ချစ်သူကောင်မလေးရဲ့စကားတွေကို ဖုတ်လေတဲ့ ငပိရှိတယ်တောင်မထင်ပါဘူး။ တချို့ကတော့ သူတို့ချစ်ရသူရဲ့ အကြံဉာဏ်ကို တန်ဖိုးထားပြီး တလေးတစားနားထောင်တတ်ကြပါတယ်။ သင့်ရဲ့အယူအဆက သူတို့အတွက် အရေးပါပါတယ်။ သင့်သဘောအတိုင်းဆုံးဖြတ်လိုက်ရပြီး သင့်ကို ပျော်စေချင်ပါတယ်။ သင့်ကို မိန်းကလေးဆိုပြီး နှိမ်တာမျိုးမရှိဘဲ တန်းတူ ဆက်ဆံတတ်ပါတယ်။

၄။ သင့်ကိုကာကွယ်ပေးတယ်

သင့်အရိပ်အကဲ သင့်အမူအရာကို အမြဲအကဲခတ်နေတတ်ပါတယ်။ သင့်ကို ကာကွယ်ပေးဖို့ အမြဲအသင့်ရှိပါတယ်။ မိုးရေထဲ လမ်းလျှောက်တဲ့အချိန် သင် မိုးမစိုရလေအောင် သူကာကွယ်ပေးတတ်ပါတယ်။ သင်ဗိုက်ဆာလား ဘာတွေဖြစ်နေလဲ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတတ်ပါတယ်။

ဒီလိုကောင်လေးမျိုးက တစ်ရာမှာ တစ်ယောက်ရှားပါးလွန်းပါတယ်။ သင်က ဒီလိုကောင်လေးမျိုး ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင့်အတွက် ဂုဏ်ယူပါတယ်။ သင့်ကောင်လေးကို ထပ်တူချစ်ပေးပြီး သူ့ကို Mention ခေါ်ဖို့လည်း မမေ့နဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar