ကျွန်ုပ်တု့ိရဲ့ ခန္ဓာကိုယ်က စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ တစ်ခုခုလွဲမှားတာနဲ့ ခန္ဓာကိုယ်က သတင်းပို့ပေးနိုင်ပါတယ်။ ဒီလိုသတင်းပို့တာထဲမှာ ဖြစ်တတ်တဲ့ ကိစ္စတစ်ခုကတော့ အိပ်မပျော်ခင် ရုတ်တရက်လှုပ်သွားတာပါ။ သင်က ဒီလိုဖြစ်ဖူးတဲ့လူဆိုရင်တော့ သင်တစ်ယောက်တည်းဖြစ်နေတာမဟုတ်ပါဘူး။ သင်တစ်နေကုန်ပင်ပန်းပြီး ညဘက်အိပ်စက်အနားယူဖို့ အဆင်သင့်ဖြစ်နေပြီ။ အိပ်ပျော်ခါနီးမှာပဲ ခန္ဓာကိုယ်က ဆတ်ခနဲ လှုပ်သွားတယ်။ ဒါမျိုး သင်ကြုံဖူးမှာပါ။ ဒီလိုဘာကြောင့်ဖြစ်တာလဲ အကြောင်းအရင်းကို မသိချင်ဘူးလား။ စိတ်ဝင်စားစရာမို့ ကြည့်လိုက်ရအောင်နော်။

Photo Source: Stylecraze

သိပ္ပံပညာရှင်တွေက ဒီဖြစ်စဉ်ကို Hypnic ဖြစ်စဉ်လို့ ခေါ်ပါတယ်။ သင့်ခန္ဓာကိုယ်က ဆက်ခနဲပြုတ်ကျသွားသလို ဖြစ်သွားတဲ့ခံစားချက်ပါ။ ပညာရှင်အချို့ကတော့ ဒီလိုဖြစ်တာဟာ အိပ်ရာမဝင်ခင်မှာ ကဖင်းဓာတ် သို့ ကော်ဖီသောက်သုံးမိခြင်းကြောင့် ဒါမှမဟုတ် ဆေးဝါးအချို့ကို သောက်သုံးမိတာကြောင့်လို့ ပြောထားပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်ဟာ တစ်နေ့လုံး အလွန်ပင်ပန်းပြီး မြန်ဆန်စွာ အိပ်ပျော်သွားတဲ့လူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာဟာ သင့်ဦးနှောက်က အိပ်ပျော်ဖြစ်စဉ်ကို လိုက်မမှီတော့လို့ပါ။

Photo Source: Why You Need Sleep

လေ့လာမှုတစ်ခုကတော့ ဒီဖြစ်စဉ်ဟာ သင်အိပ်မက်စမက်တဲ့အချိန်မှာ အပြည့်အဝအိပ်မပျော်သေးတာကြောင့်လို့ ပြောထားပါတယ်။ ဆိုလိုတာကတော့ အိပ်မပျော်သေးတာနဲ့ အိပ်မက်မက်တာ နှစ်ခုရောယှက်သွားတဲ့အချိန်ပါ။

နောက်လေ့လာမှုမှာတော့ ဒီလိုဖြစ်တာဟာ ကျွနု်ပ်တို့ ဘိုးဘေးဘီဘင်တွေ အပင်ပေါ်က ပြုတ်မကျခင် နှိုးလိုက်တာပါတဲ့။ ထူးတော့ထူးဆန်းတယ်နော်။

ရိုးရိုးရှင်းရှင်းပြောရရင်တော့ သင့်ဦးနှောက်က ရှုပ်ထွေးနေတဲ့အချိန်မှာ အစကနေ ဦးနှောက်အလုပ်ပြန်စပြီး တုံ့ပြန်မှုအများအပြားနဲ့ တွေ့သွားတာပါ။ ဒီလိုဖြစ်တာက သင့်ကျန်းမာရေးကို ထိခိုက်ခြင်းမရှိပေမယ့် ကောင်းတဲ့ ခံစားချက်တော့ မဟုတ်ပါဘူး။

ဒီလို ရုတ်တရက်ပြုတ်ကျသလိုဖြစ်တာဟာ ပါကင်ဆန်ရောဂါ ဒါမှမဟုတ် အယ်ဇိုင်းမားရောဂါရဲ့ နိဒါန်းအစနဲ့ ဆက်စပ်နေနိုင်ပါတယ်။ ဒီဆက်စပ်မှုက အရမ်းပြင်းထန်မှ ဖြစ်တာပါ။ စိုးရိမ်စရာမရှိပါဘူး။

By MyStyle Myanmar