ကမ္ဘာပေါ်မှာ လူတွေအမျိုးမျိုးရှိ ကြပါတယ်။ တစ်ချို့တွေက သူတပါးအပေါ် မကောင်းတာမလုပ်ကြသလို တစ်ချို့တွေကြတော့ တပါးသူအပေါ် မကောင်းတာလုပ်ရမှ စားဝင်အိပ်ပျော်ကြတဲ့ လူတွေလည်းရှိကြပါတယ်။ လူတစ်ယောက်ကို အပြင်ပန်းကြည့်ရုံနဲ့ ဒီလူက လူကောင်း ဒီလူက အကျင့်မကောင်းတဲ့သူ ဆိုပြီး ဆုံးဖြတ်လို့မရပါဘူး။ ဒါပေမယ့် စိတ်ထားမကောင်းတဲ့လူတွေမှာ တူညီတဲ့ တစ်ချို့အချက်လေးတွေ ရှိကြပါတယ်။

လောကမှာ သူတစ်ယောက်တည်း ရှိတယ်လို့ ထင်နေတက်တယ်

Photo : istock

လောကမှာ သူတစ်ယောက်တည်း ရှိတယ်လို့ထင်နေတက်တဲ့လူတွေအများစုက အတ္တကြီးတဲ့လူတွေဖြစ်ကြပါတယ်။ သူတို့တွေက တခြားလူတွေရဲ့ဖြစ်တည်မှုကို လက်မခံနိုင်သလို တခြားလူတွေရဲ့ အတွေးအမြင်နဲ့ယူဆချက်တွေကို ဂရုမစိုက်တက်ကြဘူး။

ကတိမတည်သူ

Photo : Beritus Group

ကတိစကား မကြာခဏပေးတက်ပြီး မကြာခဏဆိုသလို ချိုးဖောက်တက်တဲ့လူစားမျိုးတွေက သင့်အပေါ် လေးစားမှုမရှိတဲ့လူတွေပါ။ ဒီလိုလူမျိုးတွေ အကုန်လုံးကိုတော့ စိတ်ထားမကောင်းတဲ့လူတွေလို့ ပြောလို့တော့ မရပါဘူး။ ဒါပေမယ့် စိတ်ထားမကောင်းတဲ့ လူတွေတော်တော်များများက သူတို့ပြောခဲ့တဲ့ စကားကိုမတည်တက်ကြဘူး။

သဘာဝပတ်ဝန်းကျင်ကို လေးစားမှုမရှိသူများ

Photo : The Sun

စိတ်ထားမကောင်းတာနဲ့ သဘာဝပတ်ဝန်းကျင်ကို လေးစားမှုမရှိတာနဲ့ ဘာဆိုင်လို့လဲဆိုပြီး မေးစရာရှိပါတယ်။ တကယ်တော့ အများကြီးသက်ဆိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်က လူသားတွေအသက်ရှင်နေထိုင်နိုင်အောင် အရင်းအမြစ်တွေ ပံ့ပိုးပေးထားတာပါ။

ဒီနေ့ခေတ်ကြီးမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ရာသီဥတုဖောက်ပြန်ပြီး သီးပင်စားပင်တွေ မဖြစ်ထွန်းတော့တာ၊ တိရိစ္ဆာန်တွေ မျိုးတုံးပျောက်ကွယ်မှုတွေနဲ့ ရင်ဆိုင်နေရတာ စသဖြင့် အကျိုးဆက်တွေ အများကြီး ကြုံတွေ့နေရပါပြီ။ အတိုချုပ်ပြောရရင်တော့ သဘာဝပတ်ဝန်းကျင်ကို လေးစားမှုမရှိတဲ့သူတွေက တိရစ္ဆာန်‌ေတွေရဲ့ အသက်နဲ့ လူ့အသက်ကို လေးစားမှုမရှိတာနဲ့တူတူပါပဲ။

အပေါ်ယံကိုသာကြည့်ပြီး ပေါင်းသင်းဆက်ဆံသူ

Photo :Freepik

အပေါ်ယံကိုပဲကြည့်ပြီး ပေါင်းသင်းဆက်ဆံတဲ့လူတွေက အရမ်းကြောက်ဖို့ကောင်းပါတယ်။ သူတို့က သင့်ဆီမှာ ရစရာတွေရှိတဲ့အချိန် (သို့) သင်ကသူတို့ကို ပေးကမ်းတဲ့ အချိန်မှာသာ သင့်အနားမှာရှိနေတက်ကြတယ်။ သင်ဒုက္ခရောက်နေတဲ့အချိန် လိုအပ်နေတဲ့အချိန်ဆိုရင် သူတို့တွေက သင့်အနားမှာ ရှိနေတော့မှာ မဟုတ်ပါဘူး။ ဖြစ်နိုင်ရင် ဒီလိုအပေါ်ယံပဲ ပေါင်းသင်းတက်သူတွေနဲ့ ဝေးဝေးရှောင်ပါ။

စာပွဲထိုးတွေအပေါ် ရိုင်းပျသူ

Photo : istock

ဒါလည်းမေးစရာရှိပါတယ်။ စာပွဲထိုးတွေအပေါ် ရိုင်းပျတာနဲ့ စိတ်ထားမကောင်းတာ ဘာဆိုင်လဲပေါ့။ တိုက်ရိုက်တော့ မသက်ဆိုင်ပါဘူး။ ဒါပေမယ့် စာပွဲထိုးတွေဆိုတာ အမှန်တိုင်းပြောရရင် အောက်ခြေအလုပ်သမားတွေပါ။ ဒီလိုလူတွေအပေါ် ရိုင်းပျခြင်းက သူတို့ကို သိမ်ငယ်စိတ်တွေ ဝင်စေပါတယ်။ သူတို့ရဲ့ အလုပ်အပေါ်မှာလည်း ထိခိုက်မှုတွေအနည်းနဲ့ အများရှိစေပါတယ်။ ဒီလို သူတပါးပျက်စီးရာပျက်စီးကြောင်း ပြုလုပ်တက်သူကို လူကောင်းလို့ခေါ်ကြမလား။ စိတ်ထားမကောင်းတဲ့သူလို့ ခေါ်ကြမလား ပရိသတ်တို့။ ကိုယ့်ထက် နှိမ့်ပါးတဲ့လူကို တန်းတူမဆက်ဆံနိုင်တာ ကိစ္စမရှိပါဘူး။ ဒါပေမယ့် သူတို့ကို မနှိမ့်ချပါနဲ့။ မရိုင်းပျပါနဲ့။