နှစ်သစ်မှာ စိတ်သစ်လူသစ်ဖြစ်အောင် ဆံပင်အရောင် ပြောင်းချင်နေတဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ hair color တွေကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံးက မျက်နှာလေးလင်းပြီး လှနေစေမယ့် color လေးတွေပဲမို့ style ပြောင်းချင်ရင် ရွေးချယ်သင့်တယ်နော်။

လူငယ်ဆန်ပြီး color ဆန်းတာလေး ဆိုးချင်တယ်ဆိုရင် ဒီ color လေး ဆိုးကြည့်ပါ။ မျက်နှာလေးလည်း ပိုလင်းသွားစေပါတယ်။

ဒီ color ဆိုရင် အရောင်စပ်ထားတာလေးက ဘိုဆန်ပြီး အရမ်းလှတဲ့ color အဆန်းလေးပါ။ လူငယ်ကောင်မလေးတွေဆိုရင် ပိုသဘောကျမှာပါ။

ပန်းရောင်လည်းဆိုးချင်တယ် တစ်ခေါင်းလုံးလည်း မဆိုးချင်ဘူးဆိုရင် ဒီလို color style လေးအတိုင်း ဆိုးကြည့်ပါ။ ဖက်ရှင်ကျပြီးလှတာပါပဲ။

2023 မှာခေတ်စားခဲ့သလို 2024 မှာလည်း ဆက်ပြီးခေတ်စားနေမယ့် color ဖြစ်ပါတယ်။ မျက်နှာလင်းထွက်ပြီး ဖြူသွားစေမယ့် color မျိုးပါ။ အရမ်းမိုက်ပြီးလှတယ်နော်။

ဒီလို color မျိုးကလည်း နောက်ပိုင်းမှာ ပြန်ခေတ်စားလာတာပါ။ ဘယ်အချိန်ကြည့်ကြည့် အရမ်းလှတဲ့ color လေးပါ။ သူလည်း အသားဆောင်တာပါပဲ။

ဒီ color လေးဆိုလည်း မျက်နှာလေးလင်းပြီး လူငယ်ဆန်ကာ နုပျိုသွားစေမယ့် color လေးပါ။ အရမ်းလှပြီးမိုက်တဲ့ look မျိုး ရစေပါတယ်။

နောက်ထပ် အသားဆောင်ပြီးလှတဲ့ color လေးပါ။ ဒီလို color လေးတွေကလည်း လူငယ်ဆန်စေပါတယ်။

ခဲနဲ့ခရမ်းဖောက်ထားတဲ့ ဒီ color ဆိုရင် အရမ်းမိုက်ပြီး အထာကျပါတယ်။

အရင်နှစ်တွေနဲ့ လုံးဝမတူမယ့် color မျိုး ဆိုးချင်တယ်ဆိုရင် ဒီလိုခဲရောင်မျိုးကိုသာ ဆိုးချလိုက်နော်။ အရမ်းမိုက်ပါတယ်။

ခဲရောင်ကိုမှ color စပ်ဆိုးထားတဲ့ ဒီ color ကတော့ အရောင်အရမ်းတောက်တာမျိုး မကြိုက်တဲ့သူတွေ ရွေးချယ်သင့်ပါတယ်။ အထာကျပြီးမိုက်တာမျိုးကြိုက်ရင် ရွေးချယ်သင့်တဲ့ color လေးပါ။

Photo source:www.pinterest.com