မနက်ခင်းအိပ်ယာနိုးထဲကသာ စိတ်ကြည်လင်လန်းဆန်းနေရင် တစ်နေ့တာလုံး အစစအရာရာ အဆင်ပြေပြီး စိတ်ကြည်၊ ခေါင်းကြည်နေတာပါပဲ။ ဒါကြောင့် တစ်နေ့တာလုံး စိတ်ကြည်လင်စေဖို့အတွက် မနက်အိပ်ယာနိုးရင် ဒီအရာ ၅ ခုကို မလုပ်သင့်ပါဘူး။

အိပ်ယာနိုးတာနဲ့မထပဲနေခြင်း

အိပ်ယာနိုးတာနဲ့ မထပဲ အိပ်ယာထဲဆက်နေပြီး ခွေခေါက်နေတာမျိုး၊ အိပ်မပျော်တော့တာကို ဆက်လှဲအိပ်နေတာမျိုးတွေက မလုပ်သင့်ပါဘူး။ ကိုယ်လက်မအီမသာနဲ့ ထိုင်းမှိုင်းစေပါတယ်။ ကိုယ်ရောစိတ်ပါ မကြည်မလင်ဖြစ်စေပါတယ်။

အိပ်ယာမထပဲဖုန်းသုံးခြင်း

အိပ်ယာနိုးတာနဲ့ မထသေးပဲ အိပ်ယာထဲဆက်လှဲပြီး ဖုန်းသုံးနေတာ၊ အိပ်ယာနိုးတာနဲ့ ထပြီးမျက်နှာမသစ်ပဲ လှဲပြီး ဖုန်းနဲ့ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့နေတာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ ခေါင်းကိုက်ပြီး ခေါင်းမကြည်တာ၊ ဇာတ်ကြောတက်တာ၊ စိတ်မကြည်လင်ပဲ ကိုယ်လက်မအီမသာဖြစ်ပြီး ထိုင်းမှိုင်းနေတတ်ပါတယ်။

စိတ်ညစ်စရာတွေတွေးနေခြင်း

အိပ်ယာနိုးတာနဲ့ တစ်နေ့တာကို စတင်ဖို့အတွက် ကောင်းတဲ့အတွေးကိုပဲတွေးပြီး တက်ကြွလန်းဆန်းမှု ရှိနေရမှာပါ။ ဒါမှလည်း တစ်နေကုန် စိတ်ကြည်လင်နေမှာပါ။ အဲ့လိုမဟုတ်ပဲ နိုးတာနဲ့ အဆင်မပြေတာတွေ၊ စိတ်ညစ်စရာတွေကို ထိုင်တွေးနေမယ်ဆိုရင်တော့ တစ်နေကုန်ဘူပြီး စိတ်ရှုပ်နေရမှာပါ။ စိတ်ကြည်လင်မှုလည်း ရှိတော့မှာမဟုတ်ပါဘူး။

မနက်စာမစားခြင်း

အိပ်ယာနိုးရင် မနက်စာကို အာဟာရရှိတာ စားပေးရမှာပါ။ မနက်စာသေချာစားမှ အားအင်ပြည့်ဝပြီး တစ်နေ့တာလုံး အလုပ်လုပ်ရတာလည်း အဆင်ပြေမှာပါ။ မနက်စာမစားပဲနေရင် ခေါင်းမူးပြီး အန်ချင်သလို၊ နုံးသလိုတွေ ဖြစ်တတ်ပါတယ်။

ရေနွေးနဲ့ရေချိုးခြင်း

မနက်အိပ်ယာနိုးရင် ရေနွေးနဲ့ရေချိုးတာက အပူငုပ်ပြီး လန်းဆန်းမှုမရှိစေပါဘူး။ တစ်နေ့တာလုံး လန်းဆန်းချင်ရင်တော့ မနက်အိပ်ယာနိုးရင် ရေအေးနဲ့ပဲရေချိုးပါ။