ဂျပန်မလေးတွေ အသားအရေ လှမယ်ဆိုရင် ကြွေရုပ်လေးအလား မှားရလောက်တဲ့အထိ လှလေ့ရှိကြပါတယ်။ ဂျပန်နိုင်ငံသူတွေက မိတ်ကပ်ထပ် သူတို့ ပိုစိတ်ဝင်တစား ဂရုစိုက်လေ့ရှိတာကတော့ အသားအရေနဲ့ ဆံပင်ပါ။ သူတို့ရဲ့ အသားအရေကို ဒီလို ဂရုစိုက်လေ့ရှိကြပါတယ်။

၁။ သင်စားတဲ့ပုံစံက သင့်ပုံစံဖြစ်လာမှာပါ

ဂျပန်မလေးတွေက အစားအသောက်နဲ့ ပတ်သက်ရင် သူတို့ စားလိုက်မိတဲ့ အစားအသောက်ပုံစံက သူတို့ရဲ့ ပုံစံကို သက်ရောက်စေနိုင်ကြောင်း နားလည်ထားကြပါတယ်။ အသားအရေလှဖို့ အသားအရေကို အကျိုးပြုတဲ့ အစားအသောက်တွေကို စားလေ့ရှိကြပါတယ်။

၂။ Green Tea

ဂျပန်မိန်းကလေးတွေက Green Tea ကို ပုံမှန်သောက်လေ့ရှိကြပါတယ်။ Green Tea မှာ အသားအရေအတွက် အကျိုးပြုတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။

၃။ ဆန်ပါတဲ့ အလှကုန်တွေကို သုံးတယ်

ဂျပန်အမျိုးသမီးတွေဟာ ဆန်ကို မျက်နှာအသားအရေအတွက် ဦးစားပေး သုံးလေ့ရှိကြပါတယ်။ သူတို့ရဲ့ အလှကုန် ပစ္စည်းတွေထဲမှာ ဆန်ပါဝင်အောင် သတိထားကြပါတယ်။

၄။ Oil သုံးတယ်

Mineral Oil က လွဲရင် သဘာဝ အဆီတွေကို ဂျပန်မလေးတွေက မျက်နှာမှာ သုံးလေ့ရှိကြပါတယ်။

၅။ ရိုးရိုးရှင်းရှင်း Skincare

ဂျပန်မိန်းကလေးတွေက အသားအရေ Skincare လုပ်တဲ့အခါ အရေးပါတဲ့ ပစ္စည်း သုံးမျိုးကနေ လေးမျိုးထိပဲ သုံးတတ်ကြပါတယ်။

၆။ နေရောင်နဲ့ မထိအောင် ဂရုစိုက်တယ်

သူတို့က နေရောင်ခြည်နဲ့ အသားအရေ မထိမိအောင်ကို ကြိုးစားတတ်ကြပါတယ်။ အပြင်ထွက်တာနဲ့ ဦးထုပ်ဆောင်းတာ၊ Sunscreen သုံးတာ စသဖြင့် နည်းလမ်း မျိုးစုံနဲ့ ကာကွယ်တတ်ကြပါတယ်။

၇။ Lotion Mask တွေကို သုံးကြတယ်

ဂျပန်မတွေက Mask ကပ်တဲ့အခါ Lotion Mask တွေကို တွင်ကျယ်စွာ သုံးတတ်ကြပါတယ်။

၈။ သဘာဝဆန်ဆန်

ဂျပန်မိန်းကလေးတွေက မိတ်ကပ်ကို သိပ်လိမ်းလေ့မရှိဘဲ ရိုးရိုးရှင်းရှင်း သဘောလောက်ပဲ လိမ်းတတ်ကြပါတယ်။ မိတ်ကပ်က မတူတဲ့ လူတစ်ယောက် ပြောင်းစေတာမျိုး မဟုတ်ဘဲ ကိုယ့်အလှကို ပိုလှသွားဖို့ အတွက်ပဲ အာရုံစိုက်တတ်ကြပါတယ်။

၉။ Face Massage

သွေးလည်ပတ်မှု ကောင်းမွန်ပြီး အသားအရေ တင်းရင်းစေတဲ့ Face Massage နည်းလမ်းတွေကို ဂျပန်အမျိုးသမီးတွေက လုပ်လေ့ရှိကြပါတယ်။

၁၀။ Cleansing

Cleansing နဲ့ပတ်သက်ရင် ဂျပန်မိန်းကလေးတွေက ကိုယ့်အသားအရေအတွက် ရည်ရွယ်ထားတဲ့ မျက်နှာသစ်ဆေးကို သုံးလေ့ရှိကြပါတယ်။

၁၁။ သေချာချေးချွတ်တယ်

ဂျပန်ကောင်မလေးတွေက မျက်နှာကို ပုံမှန် Exfoliate လုပ်ဖို့ မမေ့တတ်ကြပါဘူး။

၁၂။ ဗီတာမင်စီ

အလှကုန် အများစုမှာ ဗီတာမင်စီ ပါလေ့ရှိသလို ဂျပန်မလေးတွေက သူတို့ စားတဲ့ အစားအသောက်ကို ဗီတာမင်စီ ပါအောင် အမြဲ ဂရုစိုက်တတ်ကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar