ခြေတံလှလှလေးကို ပိုင်ဆိုင်ချင်တဲ့ မိန်းကလေးတိုင်းအတွက် သိထားဖို့လိုတဲ့ Leg Care Tips တွေကို မျှဝေပေးလိုက်ပါတယ်။

ခြေထောက်ပုံမှန်တိုက်ပါ

ခြေထောက်လေးတွေ အမြဲတမ်းဖြူပြီး လှနေစေဖို့၊ အသားမဖြူရင်တောင်မှ ကြည့်လိုက်တာနဲ့ ခြေထောက်လေးတွေက သန့်ပြီးကြည့်ကောင်းနေစေဖို့အတွက် ရေချိုးတိုင်းမှာ ခြေထောက်တိုက်ပေးရပါမယ်။ ခြေထောက်တိုက်တဲ့ Brush နဲ့ သေချာတိုက်ပေးပါ။ ရေချိုးတိုင်းမှာ ခြေထောက်သေချာတိုက်ပေးမယ်ဆိုရင် ၂ လလောက်နဲ့ကို ခြေထောက်က သိသိသာသာ သန့်ပြီးဖြူလာပါတယ်။

တစ်ပတ်တစ်ခါ Scrub လုပ်ပါ

ကြည့်လိုက်တာနဲ့ အသားအရေက ကြည်ပြီးလှနေစေဖို့၊ ပုံမှန်ထက် အသားအရေပိုကောင်းပြီး ဖြူလာစေဖို့၊ အသားညစ်တာ၊ မဲတာတွေ ပျောက်စေဖို့အတွက် တစ်ပတ်တစ်ခါ Scrub ပုံမှန်လုပ်ပေးပါ။ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပါတယ်။

Shaving or Waxing လုပ်ပါ

ကိုယ့်ခြေထောက်က ခြေသလုံးမွှေးတွေရှိတယ်ဆိုရင် Shaving or Waxing လုပ်ပေးလို့ရပါတယ်။ ဒါမှ ကြည့်လိုက်တာနဲ့ ခြေတံလေးက ပြောင်ရှင်းပြီး ဖွေးနေမှာပါ။

Dry skin ပေါ်မှာ Shaving မလုပ်ပါနဲ့

Shaving လုပ်မယ်ဆိုရင် Dry skin ပေါ်မှာ တန်းရိတ်တာမျိုး မလုပ်ရပါဘူး။ ဒီလိုလုပ်ရင် ခြေထောက်အသားပတ်သလိုမျိုးတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ရေစွတ်ပြီး Shaving cream or Baby shampoo သုံးပြီးတော့မှ ရိတ်ပေးပါ။

Lotion နဲ့ Oil ရောလိမ်းပါ

Lotion မလိမ်းရင် အသားအရေက ကြည့်လိုက်တာနဲ့ မွဲခြောက်ပြီး လုံးဝမလှပါဘူး။ အထူးသဖြင့် ခြေတံလေးတွေဆိုရင် ပြောင်ပြီး Glow နေရင် အရမ်းလှပါတယ်။ ဒါကြောင့် Lotion နဲ့ Body oil or Baby oil တစ်ခုခုကို ရောပြီးလိမ်းပေးပါ။ ပုံမှန်လိမ်းပေးရင် ခြေထောက်အသားအရေက သိသိသာသာစိုပြီး ကြည်လာပါတယ်။ Glow နေတဲ့ပုံစံလေးလည်း ဖြစ်လာစေပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

လှပတဲ့ခြေတံလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ခြေတံသွယ်သွယ်လေးဖြစ်နေဖို့ ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။

ဒူးမဲတာသက်သာစေမယ့်နည်လမ်း

ဒူးမဲနေတာကို ဖြူလာအောင်လုပ်လို့မရပေမယ့် မဲနေတာသက်သာပြီး ဖြေးဖြေးချင်းစီ အသားအရောင် ပိုလင်းလာအောင်တော့ လုပ်လို့ရပါတယ်။ နနွင်းနဲ့ ရှားစောင်းလက်ပတ်ကို ရောမွှေပြီး ဒူးခေါင်းမှာ လိမ်းပေးရမှာပါ။ ပြီးရင်တော့ ရေပြန်ဆေးချပြီး Lotion နဲ့ Oil ရောလိမ်းပေးပါ။ ဒီလိုအိမ်မှာလုပ်ရမှာ ပျင်းတယ်ဆိုရင် ဆိုင်မှာ Peeling လုပ်လို့လည်း ရပါတယ်။