နေလောင်ထားတဲ့အသားအရေက ဂရုမစိုက်ရင် အသားအရေပျက်စီးပြီး ပိုမဲသွားပါလိမ့်မယ်။ ဂရုစိုက်ပေးရင်တော့ အချိန်ခဏလေးနဲ့ ပြန်ဖြူလာမှာပါ။ ဒါကြောင့် နေလောင်ထားတဲ့ အသားအရေတွေ ပြန်ဖြူလာစေဖို့ မဖြစ်မနေလုပ်ပေးရမယ့်အရာ ၄ ခုကို ပြောပြပေးလိုက်ပါတယ်။

လက်ရှည်ဝတ်ပါ

အိမ်ထဲမှာနေရင်ပဲဖြစ်ဖြစ်၊ အပြင်ထွက်ရင်ပဲဖြစ်ဖြစ် ချည်သားလက်ရှည် အသားအေးတာလေးတွေကို ရွေးဝတ်ပါ။ နေရောင် တိုက်ရိုက်ထိတွေ့မှု မရှိတော့တဲ့အတွက် နေလောင်ထားတာတွေ သက်သာပြီး အသားပြန်ဖြူလာမှာပါ။ နေလောင်ထားတဲ့ အသားအရေ မဟုတ်လည်း အသားဖြူချင်ရင် လက်ရှည်ဝတ်ပြီးနေပါ။ သိသိသာသာ skin tone တက်လာပါတယ်။

Lotion လိမ်းပါ

Lotion ကို တစ်နေ့ ၂ ကြိမ်လိမ်းပါ။ နေ့ဘက်မှာ SPF ပါတဲ့ lotion လိမ်းတာမျိုး၊ အပြင်သွားရင် sunscreen လိမ်းတာမျိုး လုပ်ပေးပါ။ ဒါမှ နေလောင်ဒဏ်ကို ကာကွယ်ပေးပြီး အသားအရေ ထပ်ပြီးမထိခိုက်မှာပါ။ ညအိပ်ယာဝင်ခါနီးမှာတော့ ကိုယ်လက်ပြန်သန့်စင်ပြီး lotion ပြန်လိမ်းပေးပါ။ ညဘက်လိမ်းတဲ့ lotion က SPF မလိုပါဘူး။ ဒီအတိုင်းပုံမှန်သာလုပ်ပေးသွားရင် တစ်ပတ်ကျော်တာနဲ့ နေလောင်ထားတာတွေ ပျောက်သွားပြီး အသားအရေက သိသိသာသာ စိုပြည်လာမယ်၊ ပြန်ဖြူလာပါမယ်။

Scrub လုပ်ပါ

နေလောင်ထားတာ ခဏလေးနဲ့ပျောက်ပြီး အသားအရေညစ်နေတာတွေ သက်သာစေဖို့၊ အသားအရေ ကြည်လင်လာစေဖို့ဆိုရင် scrub မလုပ်လို့မရပါဘူး။ အသားကြည်လာမှ အသားလည်းဖြူလာမှာပါ။ နေလောင်ထားတဲ့ အသားအရေအတွက်ဆိုရင်တော့ coffee scrub က အကောင်းဆုံးပါပဲ။ တစ်ပတ် ၂ ကြိမ် တိုက်လို့ရပါတယ်။ အနည်းဆုံးတော့ တစ်ပတ် တစ်ကြိမ် ပုံမှန်တိုက်ပေးပါ။

Spa သွားပါ

ငွေကြေးအကုန်အကျခံနိုင်ရင်တော့ spa သွားပြီး body spa လုပ်လိုက်တာက နေလောင်ထားတာတွေ အမြန်ဆုံး သက်သာသွားစေပါတယ်။ အသားအရေညစ်နေတာတွေလည်း သက်သာပြီး အရင်ထက် အသားအရေ ကြည်လင်လာစေတယ်၊ ဖြူလာစေပါတယ်။
Spa မသွားနိုင်လည်း ဘာမှမဖြစ်ပါဘူးနော်။ အပေါ်မှာပြောခဲ့တဲ့အရာ ၃ ခုကိုသာ သေချာလေးလုပ်ပေးရင် နေလောင်ထားတာတွေပျောက်ပြီး အသားအရေ သိသိသာသာ ပြန်လည်ကောင်းမွန်လာမယ်၊ ပြန်ဖြူလာပါမယ်။