အထူးသဖြင့် အထိုင်များတဲ့သူတွေက တင်ပါးအမြဲနာနေတတ်ပါတယ်။ ဒီလိုတင်ပါးနာတာက ကျိန်းပြီးနာတာမျိုးဖြစ်လို့ အရမ်းခံရခက်ပါတယ်။ တင်ပါးနာရင် တင်ပဆုံရိုးတွေပါနာလာပြီး ခါးနာတာတွေပါ ဖြစ်လာပါတယ်။ ဒါကြောင့် အထိုင်များလို့တင်ပါးနာတာကို သက်သာစေမယ့် လေ့ကျင့်ခန်း ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ အထိုင်များတဲ့သူတွေက လေ့ကျင့်ခန်းကို ပုံမှန် လုပ်ကိုလုပ်ပေးသင့်ပါတယ်။

Knee lift

ယောဂဖျာပေါ်မှာလှဲပြီး ခြေထောက်တစ်ဖက်ကိုတော့ ဆန့်ထုတ်ထားပါ။ နောက်တစ်ဖက်ကိုတော့ ပုံမှာပြထားတဲ့အတိုင်း လက်နဲ့ကိုင်ပြီး ကွေးထားပါ။ အဲ့အတိုင်း ၁၀ စက္ကန့်နေပြီးမှ ခြေထောက်ပြန်ချပါ။ ဘယ်၊ ညာတစ်လှည့်စီ ပြောင်းလုပ်ပေးရပါမယ်။ တစ်ဖက်ကို ၁၀ ကြိမ်စီလုပ်ပေးရုံပါပဲ။

Butterfly stretch

ယောဂဖျာပေါ်မှာ ပုံမှာပြထားတဲ့အတိုင်းထိုင်ပြီး ခြေဖဝါးနှစ်ဖက်ကို လက်နဲ့ကိုင်ပြီး စုထားပါ။ လက်နှစ်ဖက်လုံးကို ကွေးမထားပဲ ရှေ့ကိုဆန့်ထုတ်ပြီးမှ ခြေဖဝါးကိုကိုင်ထားရမှာပါ။ ပခုံးကြောတွေကိုလျှော့ထားပြီး ခေါင်းငုံ့ထားပါ။ အဲ့တိုင်း စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ အထိ ကိုယ်အဆင်ပြေသလောက် နေပေးရုံပါပဲ။

Squat

Squat ထိုင်ပေးရင်လည်း သက်သာပါတယ်။ ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို ရှေ့ဆန့်ပြီး တစ်ဝက်ထိုင်ပေးရမှာပါ။ အဲ့ပုံစံနဲ့ ၁၀ စက္ကန့်နေပြီးမှ မတ်တပ်ပြန်ရပ်ပါ။ ၁၅ ကြိမ်လောက်လုပ်ပေးရင် ရပါပြီ။

Pigeon pose

ယောဂဖျာပေါ်မှာ ပုံမှာပြထားတဲ့အနေအထားအတိုင်း သေချာတူအောင်လုပ်ပေးပြီး ၁၀ စက္ကန့်နေရပါမယ်။ အချိန်ပြည့်ရင် နောက်တစ်ဖက်ပြောင်းလုပ်ရပါမယ်။ အဲ့အတိုင်း တစ်ဖက်ကို ၁၀ ကြိမ်စီ လုပ်ပေးရုံနဲ့ တင်ပါးနာတာ သက်သာစေပါတယ်။

Fire hydrant

ပုံမှာပြထားတဲ့အတိုင်း လေးဘက်ထောက်ပြီး ခြေထောက်တစ်ဖက်ကို ဘေးကိုမြှောက်ပြီးကားထုတ်လိုက်၊ ပြန်ချလိုက်နဲ့ ဘယ်၊ ညာ တစ်လှည့်စီ လုပ်ပေးရပါမယ်။ တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ပေးရမှာပါ။